J.D. Power မှ ချီးမြှင့်သည့် ၂ဝ၂ဝ ပြည့်နှစ်အတွက် Initial Quality Study ဆု ခုနစ်ဆုကို Hyundai Motor Group မှ ရရှိ

161

 

ရန်ကုန်၊ ဇွန် ၂၉
အမေရိကန်အခြေစိုက် J.D. Power 2020 U.S. Initial Quality Study (IQS) ဆုအတွက် အကောင်း ဆုံး ထိပ်တန်းကားများ ရွေးချယ် ပေးအပ်ခဲ့ရာ Hyundai Motor Group မှ အကောင်းဆု ခုနစ်ဆု ဖြင့် ဆုတံဆိပ်အများဆုံး ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။
J.D. Power မှ Hyundai Tucson ကို အကောင်းဆုံး အရည်အသွေး Compact SUV ဆု ချီးမြှင့်ခဲ့ပြီး Hyundai Veloster ကို အကောင်းဆုံး Compact Sporty ကားအမျိုးအစားဆု ချီး မြှင့်ပေးခဲ့သည်။ Hyundai Accent နှင့် Elantra တို့မှာ ဒုတိယဆု အသီးသီးရရှိခဲ့ပြီး SantaFe မှာ တတိယဆုဆွတ်ခူးခဲ့ကြောင်း သိရသည်။ ထို့ပြင် Hyundai Genesis မှာ လေးနှစ်ဆက်တိုက် ထိပ်တန်း ကားအမျိုးအစားအဖြစ် ဦးဆောင်နေပြီး G70 ကားအမျိုးအ စားမှာThe Top Compact Premium Car အမျိုးအစားဆုကို ၂ နှစ် ဆက်ရရှိခဲ့ခြင်း ဖြစ်သည်။
2020 U.S. Initial Quality Study ဆုသည် ၂ဝ၂ဝ ပြည့်နှစ် ထုတ် ကားအမျိုးအစားများ ဝယ်ယူ ထားသူ ၈၇,၂၈၂ ဦးကို သုံးလ အတွင်း မောင်းနှင်ထားသည့် အတွေ့ အကြုံများ ကောက်ယူရရှိသည့် အ ချက်အလက်များအပေါ် မူတည်၍ ချီး မြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
Hyundai Motor မှ ရရှိ ခဲ့သည့် ကားများအနက် Hyundai Tucson နှင့် Accent တို့ကို မြန် မာနိုင်ငံတွင် SKD စနစ်ဖြင့် တပ် ဆင် ထုတ်လုပ် ရောင်းချလျက်ရှိ သည်။ Hyundai Tucson သည် 2.0 CRDI Turbo Diesel Engine ၊ 8-Speed Auto/Manual အသုံးပြုထားသော SUV ကားအ မျိုးအစား ဖြစ်သည်။ Accent သည် 1400 CC Gasoline Engi-ne 6-Speed Transmission အသုံးပြုထားသော Saloon ကား အမျိုးအစား ဖြစ်သည်။
Hyundai Tucson နှင့် Accent တို့ကို ဝယ်ယူမည် ဆိုပါ က Gold Promotion အစီအစဉ် ဖြင့်ရောင်းချပေးနေပြီး Tucson ကားအမျိုးအစားအတွက် ကျပ် သိန်း ငါးဆယ် တန်ဖိုးရှိသည့် ရွေ နှစ်ကျပ်သား၊ Samsung Galaxy S20 ဖုန်းတစ်လုံး၊ ကျပ် ၁ဝ သိန်းတန် ဆီဖြည့်ခွင့်ကတ်တစ် ကတ်နှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ် လဲလှယ်ခွင့်ကတ်တို့ကို ပေးမည်ဖြစ်ကာ Accent ကားအ မျိုးအစားအတွက် ကျပ် ၂၆ သိန်း တန်ဖိုးရှိသည့် ရွေ နှစ်ကျပ်သားနှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ်လဲ လှယ်ခွင့်ကတ်တို့ကို လက်ဆောင် အဖြစ် ပေးမည်ဖြစ်ကြောင်း သိရ သည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here