Idling Stop ခလုတ်ဖွင့်ထားခြင်းဖြင့် ပုံမှန်ထက်ဆီစားမှု ၇ ရာခိုင်နှုန်းအထိ သက်သာစေဟုဆို

153

 

မန္တလေး၊ ဇူလိုင်
Brand အမျိုးအစားအလိုက် EFI Type ဆိုင်ကယ်များတွင် ယခု နောက်ပိုင်း Idling System ပါ ထည့်သွင်းလာကြရာ အဆိုပါ Idling ကို Stop အနေအထားတွင် အမြဲထားရှိခြင်းအားဖြင့် ပုံမှန်ထက် ဆီစားမှု ၇ ရာခိုင်နှုန်း သက်သာစေနိုင်ကြောင်း မန္တလေးမြို့ခံ ဝပ်ရှော့ဆရာများထံမှ သိရသည်။

“ဒီနေ့ခေတ်အနေအထား အရ အထူးသဖြင့် EFI Auto ဆိုင် ကယ်တွေမှာ Idling System ပါ လာတယ်၊ အထူးသဖြင့် အဲဒီ Idling က သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းတဲ့နိုင်ငံတွေမှာ အဓိကသုံး ကြတယ်ပေါ့၊ အခု မြန်မာနိုင်ငံစျေး ကွက်ထဲရောက်နေတဲ့ ဆိုင်ကယ် တွေထဲမှာဆိုလည်း များသောအား ဖြင့် Auto ဘီးတွေမှာ Idling ပါလာတယ်ပေါ့၊ အဲဒီ Idling ပါတာက Stop အနေအထားမှာထားပြီး စီးနင်းတယ်ဆိုရင် ပုံမှန်ထက် ဆီစားနှုန်း ၇ ရာခိုင်နှုန်း သက်သာစေတယ်၊ ဘာလို့လဲဆို မီးပွိုင့်တွေ ရောက်တဲ့အချိန် လီဗာလျှော့လိုက် တာနဲ့ စက်က Auto ရပ်သွားတယ်၊ ပြီးလို့ မီးပွိုင့်မီးစိမ်းပြလို့ ပြန်ထွက်တဲ့အခါကျရင်လည်း Start ခလုတ် သီးသန့် နှိပ်စရာမလိုတော့ဘူး၊ လီဗာလေးပြန်ဆွဲပြီး မောင်းသွားရုံပဲ၊ တကယ်တမ်းက EFI Stop ဘက်မှာ ထားစီးရင် ဆီစားနှုန်းလည်း သက်သာစေသလို ဘက် ထရီအားကုန်တာကိုပါ သက်သာ စေတယ်” ဟု မန္တလေးမြို့ ‘ရွေနဒီ EFI Service Center ‘မှ ဝါရင့် ဝပ်ရှော့ဆရာ ကိုဇော်ဝင်းက ပြော ကြားသည်။

EFI Type ဆိုင်ကယ်များ အနေဖြင့် Idling Stop အမြဲဖွင့် ထားပေးခြင်းအားဖြင့် ပုံမှန်ထက် ဆီစားနှုန်း ၇ ရာခိုင်နှုန်း သက်သာစေရုံမက ကုန်ကျစရိတ်သက်သာစေခြင်း၊ အင်ဂျင်သက်တမ်းကြာ ရှည်ခံခြင်း၊ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်း စသောအကျိုး ကျေးဇူးများပါ ရရှိနိုင်ကြောင်း Honda ဆိုင်ကယ်၏ မြန်မာပြည် Authorized Distributor ဖြစ်သည့် NCX Myanmar ကုမ္ပဏီထံမှ သိရသည်။

“Idling ပါတာက ဆိုင်ကယ် စီးနင်းသူအတွက်ရော၊ အများအ တွက်ရောသိပ်ကောင်းတယ်၊System တိုင်းမှာ သူ့သက်ဆိုင်ရာ ထိန်းသိမ်းလိုက်နာပုံလေးတွေရှိတဲ့အတွက် စနစ်တကျလုပ်ဆောင်တယ်၊ လိုက်နာတယ်ဆိုရင် ကုန်ကျစရိတ်အများကြီး သက်သာစေ တယ်”ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here