Hyundai Myanmar မှ 2018 Model Creta ကို ပြည်တွင်းစျေးကွက်အတွင်း မိတ်ဆက်ရောင်းချ

1004

ရန်ကုန်၊ မေ

Hyundai Myanmar မှ ၂ဝ၁၈ မိုဒယ် Creta ကို ပြည်တွင်း စျေးကွက်အတွင်း မိတ်ဆက်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ မိုဒယ် Creta သည် တောင်ကိုရီးယားနိုင်ငံရှိ Hyundai Motor Company မှ ထုတ်လုပ်ထားသည့် Compact SUV အမျိုးအစား ဖြစ်ပြီး စျေးနှုန်းသင့်တင့်၍ လောင်စာဆီ သက်သာသော ကားအမျိုးအစားဖြစ်အောင် အသေးစား Compact ပုံစံ ထုတ်ထားသည်။ Compact အမျိုးအစားဖြစ်သော် လည်း အတွင်းခန်းကျယ်ဝန်းပြီး 1582 CC ၊ Disel Engine ၊ 6 Speed Auto Gear ဖြင့် ထုတ်လုပ်ပေးထားသည်။ လမ်းအကွေ့ များ၌ မောင်းနှင်ရာတွင် မြင်နိုင်ရန် ခက်ခဲသောနေရာများကို ရှေ့ဘီး များ၏ အချိုးအကွေ့အလိုက် မီး အလင်းရောင် ထောက်ပံ့ပေးမည့် Static Bending Light တပ်ဆင်ထားပြီး အဖြူရောင် LED မီးများကိုလည်း အချက်ပြမီးများ အသုံးပြုပေးထားသည်။ ရှေ့မှန်၊ ဘေးမှန်နှင့် နောက်ဘက်မှန်များမှာ နေအလင်းရောင်နှင့် ပြင်ပအပူဒဏ်များ ကာကွယ်ပေးမည့် မှန်များကို တပ်ဆင်ထားသည်။ Projector Headlamp ၊ LED Positioning မီးလုံးများ တပ်ဆင်ထားပြီး Fog Lamp မီးကို အောက်ဘက်နှိမ့်၍ တပ်ဆင်ပေးထားသည်။ သာမန်ထက် ထူးခြားသော Supervision Cluster ဒိုင်ခွက်နှင့် ဇိမ်ခံကား တစ်စီးပုံစံဖန်တီးထားပြီး Audio System တွင် iPod နှင့် USB Port ပါဝင်သော Device များ ချိတ်ဆက်နိုင်ကာ မိုဘိုင်းဖုန်းများနှင့်လည်း Music Player ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ စီးနင်းသူလုံခြုံရေးအတွက် အသက်ကယ်လေအိတ် ခြောက်လုံးပါဝင်ပြီး သာမန် Steel ထက် ခိုင်ခံ့သော Steel ကို ကားကိုယ်ထည်၏ အဓိကအပိုင်းများတွင် အသုံးပြုထားသလို ရုတ်တရက် ဘရိတ်ဖမ်းချိန်တွင် ဘီးကိုတည်ငြိမ်အောင် ထိန်းပေးသော Anti-Lock ဘရိတ်စနစ်လည်း ပါဝင်သည်။

Hyundai Creta ၂ဝ၁၈ မိုဒယ်ကို အမေရိကန်ဒေါ်လာ ၃၄,၃ဝဝ ဖြင့် ဝယ်ယူနိုင်ပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံဖြင့် ရောင်းချပေးနေကာ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here