Hyundai Motor Myanmar မှ Tucson ကားအမျိုးအစားကို Tucson Gold Promotion အစီအစဉ်ဖြင့် ရောင်းချမည်

265

 

ရန်ကုန်၊ ​မေ ၂၉

Hyundai Motor Myanmar မှ Tucson ကားအမျိုးအစားကို Tucson Gold Promotion အစီအစဉ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Hyundai Motor Myanmar မှ Hyundai Tucson ကားအမျိုးအစားကို ဝယ်ယူမည့် Customer များအား ရွှေသားလက်ဆောင်အပြင် အခြားသော အဖိုးတန်ပစ္စည်းများကို လက်ဆောင်အဖြစ်ပေးအပ်သွားမည့် Tucson Gold Promotion ပြုလုပ်သွားမည် ဖြစ်သည်။

Hyundai Tucson ကို ပြည်တွင်းအတွက် SKD စနစ်ဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး Tucson ကားဝယ်ယူသူများအတွက် ငွေကျပ် သိန်းလေးဆယ်ကျော် တန်ဖိုးရှိ လက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ကာ Tucson Gold Promotion အစီအစဉ်တွင် နှစ်ကျပ်သား ရွှေပြား၊ Samsung Galaxy S20 ဖုန်းတစ်လုံး၊ ကျပ် ၁၀ သိန်းတန် ဆီဖြည့် ကတ်တစ်ကတ်နှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ် လဲလှယ်ခွင့်ကတ်များ ပေးအပ်သွားမည် ဖြစ်သည်။ ယင်းပရိုမိုးရှင်း ကာလကို ဇွန် ၁ ရက်မှစတင်မည်ဖြစ်ကာ ကားအစီးရေ ကန့်သတ်ချက်နဲ့ ရောင်းချပေးသွားမည် ဖြစ်​ကြောင်း သိရသည်။

Tucson (Premium Mid-sized SUV) တွင် 2.0 CRDi အင်ဂျင်အမျိုးအစား အသုံးပြုထားပြီး အမြင့်ဆုံး စွမ်းရည် 185ps/ 4,000 rpm အမြင့်ဆုံးရုန်းအား 41.0 kg.m/ 1,750 ~ 2,750 rpm ရှိကာ လောင်စာ ဆီစားနှုန်းသည် (km. L) , 12.8 (City), 20 (High Way) နှင့် 16.7 (Combined) သာရှိသည်။ 8-speed Automatic အပြင် Semi-manual ပါ အသုံးပြုလို့ရပြီး ယင်းအပြင် Touch Screen Infotainment များဖြစ်သော Apple CarPlay, Android Auto Capability, Floating-type 8” LCD Touch Screen, Super-vision TFT LCD Cluster, ကြိုးမဲ့စမတ်ဖုန်း ချိတ်ဆက်မှု၊ လေအိတ် ​ခြောက်လုံး၊ Smart Tailgate System နှင့် HTRAC All-wheel Drive နည်းပညာများလည်း ထည့်သွင်းပေးထားသည်။

“အခု COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလမှာ ဝယ်ယူအားပေးလိုသူ Customer ​တွေလုံခြုံမှုနဲ့ အဆင်​​ပြေလွယ်ကူမှု ရှိစေဖို့အတွက် Showroom ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်စရာမလိုဘဲ ဝန်ဆောင်မှုပေးမယ့် Online Registration စနစ်နဲ့ဝယ်ယူနိုင်အောင်လည်း စီစဉ်ထားပါတယ်၊ Showroom ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုလိုတဲ့ Customer ​တွေအတွက်လည်း ဘေးကင်းစေနိုင်မယ့် ကျန်းမာရေးကာကွယ်မှု​တွေကို စနစ်တကျ လုပ်ဆောင်ထားတဲ့အတွက် စိတ်ချလက်ချ လာရောက်ကြည့်ရှု ဝယ်ယူနိုင်ပါတယ်၊ Hyundai Tucson ကို ဝယ်ယူအားပေးမယ့် Customer ​တွေအနေနဲ့ အခုလို လက်ဆောင်ပစ္စည်းများစွာပါ ရရှိဦးမယ့် အစီအစဉ်ကြီးကို လက်လွတ်မခံဘဲ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်” ဟု Hyundai Motor Myanmar မှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

Tucson Gold Promotion အစီအစဥ်ဖြင့် ရောင်းချပေးမည့် Hyundai Tucson ကို ငွေကျပ် ၆၃၅ သိန်း ဖြင့် ဝယ်ယူနိုင်ပြီး အရစ်ကျငွေပေးချေစနစ်နှင့် ဝယ်ယူမည်ဆိုပါက AYA ၊ CB ဘဏ်တို့နှင့်ချိတ်ဆက်ပြီး အသက်သာဆုံး ကနဦးငွေပေးချေမှု ၂၀ ရာခိုင်နှုန်းမှစကာ အရစ်ကျ လစဉ်ငွေပေးချေမှုနှင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ လစဉ်အတိုးနှုန်းမှာလည်း ပုံမှန်ထက် ၃ ရာခိုင်နှုန်း သက်သာခွင့်ရမည်ဖြစ်ပြီး ရန်ကုန်လိုင်စင်ပါ ရရှိမည်ဖြစ်​ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here