Hyundai Motor Myanmar မှ SKD ကားအမျိုးအစား လေးမျိုးကို Fighting Myanmar Promotion အစီအစဉ်ဖြင့် ရောင်းချမည်

277

 

ရန်ကုန်၊ နိုဝင်ဘာ ၁၀

Hyundai Motor Myanmar မှ SKD ကားအမျိုးအစား လေးမျိုးကို Fighting Myanmar Promotion အစီအစဉ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်းသိရသည်။

Hyundai Motor Myanmar မှ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း Shwe Daehan Motor ထုတ် SKD ကားအမျိုးအစားများဖြစ်သည့် Tucson, Creta, Accent နှင့် Grand i10 ကားများ ဝယ်ယူအားပေးလိုသည့် Customer များအတွက် “Fighting Myanmar Promotion” အစီအစဉ်ဖြင့် ရောင်းချမည် ဖြစ်သည်။

ပြည်တွင်းထုတ် SKD ကားအမျိုးအစားများကို မူရင်းဈေးထက် ပိုမိုသက်သာသည့် ဈေးနှုန်းသို့လျှော့ချပေးသွားမည် ဖြစ်သလို အထူးခြားဆုံးအစီအစဉ်အဖြစ် ဝယ်သူဘက်မှကျခံရမည့် ဝင်ငွေခွန်အတွက် ၃ ရာခိုင်နှုန်းကို ကုမ္ပဏီဘက်မှ ပေးဆောင်သွားမည်ဖြစ်သည်။

ပရိုမိုးရှင်းအစီအစဉ်အရ Tucson ကားအမျိုးအစားဝယ်ယူသူများကို ကျပ်သိန်း ခြောက်ဆယ် ဈေးလျှော့ပေးမည် ဖြစ်ပြီး ဝယ်ယူသူမှ ပေးဆောင်ရသည့် ဝင်ငွေခွန်အတွက် ကျပ် ၁၈ သိန်း (၃ ရာခိုင်နှုန်း)၊ Creta ကားအမျိုးအစား ဝယ်ယူသူများကို ကျပ်၂၆ သိန်းဈေးလျှော့ပေးမည် ဖြစ်ပြီး ဝယ်ယူသူမှ ပေးဆောင်ရသည့် ဝင်ငွေခွန်အတွက် ကျပ် ၁၃ သိန်း (၃ ရာခိုင်နှုန်း)၊ Accent ကားအမျိုးအစား ဝယ်ယူသူများကို ကျပ် ၁၄ သိန်းဈေးလျှော့ပေးမည်ဖြစ်ပြီး ဝယ်ယူသူမှ ပေးဆောင်ရသည့် ဝင်ငွေခွန်အတွက် ကျပ် ကိုးသိန်း (၃ ရာခိုင်နှုန်း)၊ Grand i10 ကားအမျိုးအစားဝယ်ယူသူများကို ကျပ် ခြောက်သိန်းဈေးလျှော့ ရောင်းချပေးမည် ဖြစ်သည်။

ပရိုမိုးရှင်းကာလကို နိုဝင်ဘာ ၁၀ ရက်(ယနေ့)မှစတင်ကာ ဒီဇင်ဘာလကုန်အထိ အစီးရေကန့်သတ်ချက်နှင့် ရောင်းချသွားမည်ဖြစ်ပြီး Hyundai ထုတ် SKD ကားအမျိုးအစားများအား အရစ်ကျ ငွေပေးချေစနစ်ဖြင့်ဝယ်ယူမယ်ဆိုပါက UAB, AYA, CB ဘဏ်တို့နှင့် ချိတ်ဆက်ကာ အသက်သာဆုံးကနဦးငွေပေးချေမှု ၂၀ ရာခိုင်နှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here