Hyundai Motor Myanmar မှ Accent ကားအမျိုးအစားကို အထူးလျှော့ဈေးဖြင့် ရောင်းမည်

909

 

ရန်ကုန် ဒီဇင်ဘာ ၁၇

Hyundai Motor Myanmar မှ Shwe Daehan Motor ထုတ် Accent 2020 ကိုဝယ်ယူအားပေးလိုသူ ချစ်မိတ်ဆွေများ စိတ်ကျေနပ်မှုရှိစေရန် ထူးထူးခြားခြား “Accent Christmas Promotion” အစီအစဉ်ဖြင့် ကျပ်သိန်း ၄၀ အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ်သည်။

Accent သည် Shwe Dehan Motor ၏ ပထမဆုံး ထုတ်လုပ်မှုခြေလှမ်းသစ်ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ပရိုမိုးရှင်းကာလကို ဒီဇင်ဘာ ၁၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး အစီးရေ ၂၀၀ သာ ရောင်းချပေးသွားမည်ဖြစ်သည်။အဆိုပါပရိုမိုးရှင်းအစီအစဉ်အရ မူရင်းဈေး ၂၉၉ သိန်းမှ ၂၅၉ သိန်းထိ သိန်း ၄၀ တိတိ Discount ကို အစီးရေ ကန့်သတ်ချက်/အချိန်ကန့်သတ်ချက်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

“လောင်စာဆီစားသက်သာမှု၊ ဈေးနှုန်းချိုသာမှုနဲ့ ရန်ကုန်လိုင်စင် ရရှိခြင်းတို့ကြောင့် SKDကားသစ်ဈေးကွက်မှာ Accent 2020 ဈေးကွက်မှာဝယ်လိုအားေကာင်းတဲ့ ကားအမျိုးအစား တစ်ခုဖြစ်ပါတယ်။ Accent 2020 ကိုဝယ်ယူအားပေးလိုသူ ချစ်မိတ်ဆွေတွေ စိတ်ကျေနပ်မှုရှိစေဖို့ ထူးထူးခြားခြား “Accent Christmas Promotion” အစီအစဉ်မှာကျပ်သိန်း၄၀ အထူးလျှော့ဈေးနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်´´ဟု Hyundai Motor Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Hyundai All New Accent ကို ဆီဒင်ကားအမျိုးအစားအဖြစ် ထုတ်လုပ်ထားပြီး 1.4-liter four-cylinder အင်ဂျင် တပ်ထားသည်။ အသစ်မွမ်းမံထုတ်လုပ်ထားသည့် Accent 2020သည် ဆီစားသက်သာပြီး SE Sedan ကားအမျိုးအစား တွေမှာမပါသည့် ၁၆လက်မ အလွိုင်းဘီးခွေများ (၁၄လက်မ စတီးဘီးခွေများ)၊ အနောက်ဘက် Disc ဘရိတ်များ၊ လေအိတ် ၂ လုံး၊ အီလက်ထရိုခရိုမစ်နောက်ကြည့်မှန်၊ ကျယ်ဝန်းသော ပစ္စည်းထည့်စရာအကန့်၊ Bluetooth မှတဆင့် ဖုန်းခေါ်ဆိုမှု/ဖြေဆိုမှု၊စနစ်များ ပါဝင်သည်။ Power Window အဖွင့်အပိတ်၊ လယ်သာထိုင်ခုံများ၊ သော့မလိုကားစက်နှိုးမှုစနစ်၊ မြန်နှုန်းတိုင်း အလိုအလျောက် တံခါးလော့ချစနစ်နဲ့ အပူအအေးလေအေးပေး စနစ်များလည်း ပါဝင်ပြီး အကောင်းဆုံးမြင်းကောင်ရေအား 100 အင်ဂျင် 6-speed အော်တိုဂီယာဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ ဆွဲဆောင်မှုရှိတဲ့ အပြင်ပန်းအပြင်အဆင်၊ ကောင်းမွန်သည့် အတွင်းခန်းနှင့် Navigation စနစ်၊ Touchscreen ၊ Bluetooth စနစ်၊ Wifiစသည့် Multi Infotainment စနစ်များအပြင် နောက်ဆုံးပေါ်နည်းပညာများကို အကောင်းမွန်ဆုံး ထည့်သွင်းတပ်ဆင်ပေးထားသည်။

Hyundai Accent 2020 ကို UAB, AYA နှင့်CB ဘဏ်တို့ဖြင့် ချိတ်ဆက်ပြီး အသက်သာဆုံးကနဦးငွေပေးချေမှု ၂၀ ရာခိုင်နှုန်းမှစ၍ အရစ်ကျလစဉ်ငွေပေးချေမှုဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ မကွေးနှင့် မော်လမြိုင်ဒေသများတွင်လည်း Hyundai အရောင်းကိုယ်စားလှယ် Showroom များကို ဖွင့်လှစ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here