Hyundai Motor Myanmar မှ ၂ ဝ၁၈   မိုဒယ်  Sonata ကို ယခုလအတွင်း စတင်မိတ်ဆက်ရောင်းချမည်

1403

ရန်ကုန်၊ ဇန်နဝါရီ

Hyundai Motor Myanmar မှ ၂ဝ၁၈ မိုဒယ် Sonata ကို ယခုလအတွင်း စတင်မိတ်ဆက်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

 

Hyundai LF Sonata ၂ဝ၁၈ မိုဒယ်သည် Hyundai က ထုတ်လုပ်သည့် သတ္တမမြောက်မျိုးဆက်ဖြစ်ပြီး Fluidic Sculpture 2.0 ဒီဇိုင်းကို အသုံးပြုထုတ်လုပ်ထားခြင်းဖြစ်သည်။ နောက်ဆုံးမျိုးဆက် Sonata ကို သုံးနှစ်ကြာ ဒီဇိုင်းထုတ်လုပ်ဖန်တီးထားပြီး ရင်းနှီးမြုပ်နှံမှုငွေ ဝမ် ၄၅ဝ ဘီလျံ ကုန်ကျခဲ့ကြောင်း သိရသည်။ Sonata ၏ လေဝင်ပေါက်ကို ဆဌဂံပုံ ပြုလုပ်ထားပြီး ဘော်ဒီဒီဇိုင်းနှင့် တစ်သားတည်းဖြစ်ရန် ထုတ်လုပ်ထားသည်။ မီးလင်းသော တံခါးလက်ကိုင်များ၊ ၁၆ လက်မ အလွိုင်းဘီးများ၊ နောက်ကြည့်မှန်မီးများကိုလည်း တပ်ဆင်ထားသည်။ ကားအတွင်းအသံစနစ်အတွက် အသုံးပြုရလွယ်ကူသော Bluetooth ၊ CD နှင့် MP3 ၊ ရေဒီယိုပါဝင်ပြီး ထိုင်ခုံ လေဝင်/လေထွက်စနစ်၊ ရှေ့ထိုင်ခုံအပူပေး ကိရိယာ၊ Aircon Auto ၊ နောက်ဘေးမှန် နေကာနှင့် အီလက်ထရစ် နောက်လေကာ မှန်နေကာများ ပါဝင်သည်။

 

ယာဉ်မောင်းစိတ်ကြိုက် ရွေးချယ်မောင်းနှင်နိုင်သည့် Normal ၊ Sport နှင့် Eco စနစ်များပါဝင်ပြီး ကားနောက်ဘက်တွင် သုံးစက္ကန့်မျှရပ်ရုံဖြင့် တံခါးဖွင့်ပေးမည့် စမတ်နောက်ဖုံးစနစ်လည်း ပါဝင်သည်။ မိုးရွာသွန်းမှု အာရုံခံကိရိယာနှင့် လေခွင်းအား ကောင်းသောဝိုက်ပါများ၊ အလိုအလျောက် မြူရှင်းစနစ်များ ပါဝင်သလို လုံခြုံရေးစနစ်အတွက် လေအိတ်ခြောက်လုံး၊ အရှေ့နှင့် အနောက် ပါကင်အထောက်အကူပြုစနစ် (PAS) ၊ ကုန်းဆင်းမောင်းနှင်မှု အထောက် အကူပြုစနစ်(HAC) ၊ ကားလားရာအတိုင်း ချိုးကွေ့ပေးသည့်မီးများ (BLS) နှင့် Electronic Stability Control(ESC) စနစ်များ ပါဝင်သည်။ Sonata ၂ဝ၁၈ မိုဒယ်တွင် Sport Auto Gear ၊ ၂.ဝ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားပြီး သုညကီလိုမီတာမှ ကီလိုတစ်ရာ အမြန်နှုန်းရောက်ရှိရန် ၁၁ ဒသမ ၁ စက္ကန့်သာ ကြာမြင့်မည် ဖြစ်သည်။

 

Hyundai Motor Myanmar မှ ၂ဝ၁၈ မိုဒယ် Sonata ကားကို အမေရိကန်ဒေါ်လာ လေးသောင်းခွဲဝန်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အာမခံသုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်းပေးထားကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here