Hyundai Motor Myanmar မှ ကားအမျိုးအစား ၁ဝ မျိုးကို နှစ်သစ်ကူးအထူး Promotion စျေးနှုန်းများဖြင့် ရောင်းချ

927

Hyundai Motor ၏ မြန်မာပြည် တရားဝင်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော International KIM Co., Ltd သည် ယခုနှစ်သစ်ကူးအထူး Promotion အဖြစ် ကားအမျိုးအစား ၁ဝ မျိုးကို ရောင်းချပေးနေဖြစ်ကြောင်း သိရသည်။

 

Grand i10(Hatchback) ၊ Elantra(Sedan) ၊ Sonata (Sedan) ၊ Genesis(Sedan) ၊ Creta(SUV) ၊ Accent (Sedan) ၊ Tucson(SUV) ၊ Santafe(SUV) ၊ H-1(12 seaters) နှင့် H-100 (Light Truck) ကားအမျိုးအစား ၁ဝ ခုကို အမေရိကန်ဒေါ်လာ ၁,၄ဝဝ မှ ၆၉ဝဝ အထိ စျေးလျှော့ ၍ ရောင်းချပေးနေကြောင်း သိရသည်။

 

ကားဝယ်ယူမည့် Customer များကို အနည်းဆုံး ငွေပေးချေမှုဖြင့် ရောင်းချပေးမည်ဖြစ်သလို အတိုးမဲ့လစဉ် ငွေပေးသွင်းမှုစနစ်ဖြင့်လည်း ရောင်းချပေးနေကြောင်း သိရသည်။ H-100 Light Truck နှင့် H-1(12 Seaters) Mini Bus တို့ကို ငါးနှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေး ရာတွင် လစဉ်ပေးသွင်းငွေအဖြစ် H-100 ကို ၂၄၅ ဒေါ်လာ၊ H-1 ကို ၃၇၃ ဒေါ်လာတို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် H-100 Light Truck ကို ဝယ်ယူမည့်သူများအတွက်လည်း အမိုးနှင့်ထိုင်ခုံများကို လက်ဆောင် အဖြစ်ပေးမည်ဖြစ်ပြီး  Promotion ကာလကို ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here