Hyundai Motor Myanmar မှ ကားအမျိုးအစားလေးမျိုးကို Road Show အထူးအစီအစဉ်ဖြင့် ရောင်းချမည်

1189

ရန်ကုန်၊ အောက်တိုဘာ
Hyundai Motor Myanmar မှ ကားအမျိုးအစားလေးမျိုးကို Road Show အထူးအစီအစဉ်ဖြင့် ရောင်း ချမည်ဖြစ်ကြောင်း သိရသည်။

Hyundai Motor Myanmar မှပြည်တွင်း၌ SKD စနစ်ဖြင့် တပ် ဆင် ထုတ်လုပ်နေသည့် Accent ၊ Creta ၊ Grand i10 တို့နှင့် အသစ် မိတ်ဆက်ရောင်းချမည့် ၂ဝ၂ဝ မိုဒယ် SUV ကားအမျိုး အစား Tucson တို့ကို Road Show အထူးအစီအစဉ်ဖြင့် ရောင်း ချမည်ဖြစ်သည်။ Hyundai Road Show ကို Kantharyar Shopping Center(ကန်တော်ကြီးပန်းခြံအနီး)တွင် အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည် ဖြစ်ပြီးAccent ၊ Creta နှင့် အသစ်မိတ် ဆက်မည့် Tucson တို့ကို ပြသ ရောင်းချမည် ဖြစ်သည်။ ထို့ပြင် အောက်တိုဘာ ၁၈ ရက်မှ ၂ဝ ရက်အထိ ဒုတိယအကြိမ်အဖြစ် ကျင်းပမည့် Road Show ကို လည်း ုKantharyar Shopping Center တွင် ပြုလုပ်မည်ဖြစ်ကာ Tucson ၊ Accent ၊ Creta ၊ Grand i10 တို့ကို ပြသရောင်းချ မည် ဖြစ်သည်။

” Hyundai Road Show နှစ်ပွဲကို Kantharyar Shopping Center မှာ ကျင်းပမှာ ဖြစ်ပါတယ်၊ ကားအမျိုးအစားလေးမျိုးကို အထူးအစီအစဉ်တွေနဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်၊ ပြပွဲရက်အတွင်း လာ ဝယ်မယ့်သူတွေအနေနဲ့ Down Payment နည်းနည်းနဲ့ ၊ခုနစ်နှစ် အထိ အရစ်ကျစနစ်နဲ့ ဝယ်ယူခွင့် ရမှာ ဖြစ်ပါတယ်”ဟု Hyundai Motor Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Hyundai ကားအမျိုးအစား လေးမျိုးကို ပြပွဲကာလအတွင်း မိတ်ဆက်ရောင်းချရာတွင် Tucson ကို ကျပ်သိန်း ခြောက်ရာဝန်းကျင်၊ Creta ကို ကျပ် ၄၄၆ သိန်း၊ Accent ကို ကျပ် ၂၉၉ သိန်း၊ Grand i10ဝ ကို ၂၂၄ သိန်းတို့ဖြင့် ရောင်းချမည်ဖြစ်ပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးမည်ဖြစ်ကြောင်း သိရ သည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here