Hyundai Motor  မှ  မိုးရာသီအထူး Promotion အစီအစဉ်အဖြစ် ကားအမျိုးအစားအပေါ်မူတည်ပြီး အနည်းဆုံး ဒေါ်လာတစ်ထောင်လျှော့၍ ရောင်းချပေးမည်

353

ရန်ကုန်၊ ဇွန်

Hyundai Motor မှ မိုးရာသီအထူး Promotion အစီအစဉ်ဖြင့် ကားအမျိုးအစားအပေါ် မူတည်ပြီး အနည်းဆုံး ဒေါ်လာတစ်ထောင်လျှော့၍ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

Hyundai Motor ၏ မြန်မာပြည် တရားဝင်တစ်ဦးတည်း အရောင်းကိုယ်စားလှယ်ဖြစ်သော International KLM Co.,ltd သည် Hyundai ကားများကို YVQC စနစ်စတင်ပါက ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူနိုင်သလို မိုးရာသီကာလအတွင်း Promotion အစီအစဉ်ဖြင့်လည်း ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

”မိုးရာသီပရိုမိုးရှင်းအစီအစဉ် မှာ မူရင်းရောင်းစျေးထဲက အနည်းဆုံး ဒေါ်လာတစ်ထောင်လျှော့ပြီး ရောင်းချပေးမှာ ဖြစ်ပါတယ်၊ လက်ငင်းဝယ်ယူမှု၊ အရစ်ကျ ဝယ်ယူမှုနဲ့ ကားအမျိုးအစားအပေါ်မူတည်ပြီး သတ်မှတ်စျေးထက် လျှော့ရောင်းပေးမှာ ဖြစ်ပါတယ်၊ ရန်ကုန်လိုင်စင်ခွင့်ပြုပေးမယ့် အချိန်ရောက်ရင်လည်း ရန်ကုန်လိုင်စင်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်”ဟု Hyundai Motor Myanmar Showroom မှ တာဝန်ရှိသူက ဆိုသည်။

Hyundai Motor Myanmar Showroom မှ အိမ်စီးကားများဖြစ်သော ဆလွန်းကားအမျိုး အစား Grand i10 ၊ Accent ၊ Elantra ၊Sonata ၊ Genesis ကားများ၊ အသေးစား SUV ကား အမျိုးအစားဖြစ်သော Creta ၊ အလတ်စား SUV ကားအမျိုးအစားဖြစ်သော Tucson ၊ အကြီးစား SUV ကားအမျိုးအစား ဖြစ်သော Santa Fe တို့အပြင် H-100 Light Truck နှင့် Mini Bus အမျိုးအစား H-1 (12 Seaters) တို့ကို Discount စျေးနှုန်းများဖြင့် ရောင်းချပေးနေပြီး ပရိုမိုးရှင်းကာလကို ဇွန် ၁ ရက်မှ ၃ဝ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။

Hyundai Motor Myanmar Showroom မှ ရောင်းချပေးနေသည့်ကားများ ကို သုံးနှစ် (သို့) ကီလိုတစ်သိန်း အထိ အာမခံပေးထားပြီး တရားဝင်  Hyundai Showroom များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ မကွေးနှင့် မော်လမြိုင်မြို့တို့တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here