Hyundai Brand New ကားများကိုကားတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းပေးသွင်းရုံဖြင့် အတိုးမဲ့ ဝယ်ယူနိုင်

743

Hyundai Brand New ကားများကို ကားတန်ဖိုး၏  ၂၀ ရာခိုင်နှုန်း ပေး သွင်းရုံဖြင့် အတိုးမဲ့ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Hyundai Showroom တွင် ရောင်းချနေသော Hyundai Brand New ကားများကို အောက်တိုဘာလအတွင်း ဝယ်ယူမည်ဆိုပါက ကား တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း ပေးသွင်းရုံဖြင့် သုံးနှစ်မှ ငါးနှစ်အထိ အရစ်ကျ စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

‘ Hyundai Brand New ကားတွေထဲက ၁၂ ယောက်စီး H-1နဲ့ Light Truck အမျိုးအစား၊ H-100 တို့ကို ငါးနှစ် အရစ်ကျစနစ်နဲ့ ရောင်း ချပေးမှာပါ၊ ကျန်တဲ့ကားတွေကိုတော့ သုံးနှစ်အရစ်ကျနဲ့ ရောင်းချပေး မှာဖြစ်ပြီး အောက်တိုဘာလအတွင်း ဝယ်ယူမယ့် Customer  တွေကို ကားတန်ဖိုး ၂၀ ရာခိုင်နှုန်း ပေးသွင်းရုံနဲ့ အတိုးမဲ့စနစ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်”ဟု Hyundai Showroom  မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

Hyundai Showroom မှ H-1 နှင့် H- 100 ကားများကို ငါးနှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့်အပြင် ပရိုမိုးရှင်းကာလအတွင်း ဝယ်ယူမည်ဆိုပါက ထိုင်ခုံ၊ ခြေနင်းနှင့် အမိုးကိုင်းများ လက်ဆောင်ထည့်သွင်း ပေးမည်ဖြစ်သည်။

Hyundai Brand New Showroom မှ ကိုရီးယားနိုင်ငံထုတ် ကား သစ်များကို ရောင်းချပေးရာတွင် Grade i – 10 STD ဂရိတ်ကို အမေရိကန် ဒေါ်လာ ၁၈,၆၀ဝ ဝန်းကျင်၊ Elantra STD  ဂရိတ်ကို အမေရိကန်ဒေါ်လာ ၃၂,၆၀ဝ ဝန်းကျင်၊ LUX ဂရိတ်ကို အမေရိကန်ဒေါ်လာ ၃၅,၇၀ဝ ဝန်း ကျင်၊ Sonata   ကို အမေရိကန်ဒေါ်လာ ၄၁,၉၀ဝ ဝန်းကျင်၊ ACCENT  ကို အမေရိကန်ဒေါ်လာ ၂၅,၅၀ဝ ဝန်းကျင်၊ Creta ကို အမေရိကန် ဒေါ်လာ ၃၄,၃၀ဝ ဝန်းကျင်၊Tucson 2WD ကို အမေရိကန်ဒေါ်လာ ၄၂,၇၀ဝ ဝန်းကျင်၊ 4WD ကို အမေရိကန်ဒေါ်လာ ၄၆,၇၀ဝ ဝန်းကျင်၊  Santa Fe ကို အမေရိကန်ဒေါ်လာ ၅၈,၁၀ဝ ဝန်းကျင်၊ H- 1 Manual Gear ကို အမေရိကန်ဒေါ်လာ ၂၈,ဝ၀ဝ ဝန်းကျင်၊ Auto Gear ကို အမေရိကန်ဒေါ်လာ ၃၂,၂၀ဝ ဝန်းကျင်၊ H – 100 ကို အမေရိကန်ဒေါ်လာ ၁၈,၄၀ဝ ဝန်းကျင်တို့ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

ပွင့်ဖြူ

LEAVE A REPLY

Please enter your comment!
Please enter your name here