Hyundai ကားအမျိုးအစားလေးမျိုးကို Road Show အစီအစဉ်ဖြင့် ရောင်းချမည်

191

 

ရန်ကုန်၊ ဇူလိုင် ၁၃
Hyundai Motor Myanmar မှ ပြည်တွင်းထုတ် ကားအမျိုးအစား လေးမျိုးဖြစ်သည့် Tucson ၊ Creta ၊ Accent ၊ Grand i10 တို့ကို Road Show အစီအစဉ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။

Hyundai Motor Myanmar မှ Road Show နှစ်ကြိမ် ကျင်းပမည်ဖြစ်ရာ ပထမအကြိမ်အဖြစ် Gandamar Shopping Center တွင် ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်အထိ၊ ဒုတိယ အကြိမ်အဖြစ် Makro Wholesale တွင် ဇူလိုင် ၁၈ ရက် မှ ၂၆ ရက်အထိ ကျင်းပ မည်ဖြစ်သည်။ ထို Road Show များတွင် ဝယ်ယူသည့် Customer များကို Gold Promotion အစီအစဉ်တွင် ပါဝင်သော ခံစားခွင့် များဖြင့် ဝယ်ယူခွင့်ရရှိမည်ဖြစ် ကြောင်း သိရသည်။

Hyundai Tucson သည် 2.0 CRDi Turbo Diesel Engine ၊ Speeds Auto+Manual Transmission အသုံးပြုထားသည့် SUV ကားအမျိုးအစားဖြစ်ပြီးHy-undai Creta သည် 1600CC Diesel Engine ၊ 6 Speeds Transmission အသုံးပြုထားသည့် SUV ကားအမျိုးအစား ဖြစ်သည်။ Hyundai Accent သည် 1400 CC Gasoline Engine ၊ 6 Speeds Transmission အသုံးပြုထားသည့် Saloon ကားအမျိုးအ စားဖြစ်ပြီး Hyundai Grand i10 သည် 1300CC Gasoline Engine ၊ 6 Speeds Transmission အသုံးပြုထားသည့် Saloon ကားအမျိုးအစား ဖြစ်သည်။

Shwe Daehan Motors မှ ပြည်တွင်းထုတ် Hyundai ကား အမျိုးအစားလေးမျိုး ရောင်းချခွင့်အတွက် ရန်ကုန် Dealer များအဖြစ် Hyundai Grand Sirius (Ahlone)၊ Hyundai Cherry MYKO (South Okkalapa)၊ Hyundai Green Gate (North Okkalapa)၊ Hyundai Silver Ocean (Thingangyun)၊ Hyundai MMM (Tarmwe)၊ Hyundai Myint Myat Maung (Hlaing)၊ Hyundai Myanmar Jade Crown (East Dagon)၊ Hyundai Zarthapyin (Thaketa)၊ Hyundai Power Five (Bahan) တို့ကို ခန့်အပ်ထားပြီး မော်လမြိုင်၊ နေပြည်တော်၊ မုံရွာ၊ မကွေး၊ တောင်ကြီး၊ မန္တလေးမြို့တို့တွင်လည်း အရောင်းပြခန်းများ ဖွင့်လှစ်ရောင်း ချလျက်ရှိကြောင်း သိရသည်။

Hyundai Motor Myanmar မှ Hyundai Tucson ကို ကျပ် ၆၃၅ သိန်း၊ Creta ကို ကျပ်သိန်း ၄၅ဝ၊ Accent ကို ကျပ် ၂၉၉ သိန်း၊Grand i10 ကို ကျပ် ၂၃၂ သိန်းတို့ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here