Honda က ထုတ်လုပ်တဲ့ Station Wagon

1031

Honda က ထုတ်လုပ်တဲ့ Station Wagon ကားတွေထဲက Honda Airwave နဲ့ Honda Partner တို့ကို ယှဉ်လိုက်ရင် ပုံစံချင်းဆင်ပေမဲ့ Honda Airwave က Grade စုံတဲ့အတွက် လူကြိုက်ပိုများပါတယ်။ Airwave က Honda Fit ၊ Honda City တို့နဲ့ ယှဉ်မယ်ဆိုရင်လည်း အတွင်းခန်းကျယ်ဝန်းပြီး Station Wagon ဖြစ်ပေမဲ့ ဂရိတ်ပြည့်တဲ့အတွက် အာရှဈေးကွက်မှာ ရောင်းအားအကောင်းဆုံး ကားအဖြစ်ပါဝင်ခဲ့ပါတယ်။

Honda Airwave ကို ၂ဝဝ၅ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် မှာထုတ်လုပ်မှု အဆုံးသတ်ခဲ့တဲ့အတွက် မျိုးဆက်အနေနဲ့ တစ်ခုပဲရှိပြီး မိုဒယ်တစ်ခုနဲ့ တစ်ခုကြားမှာ ရုပ်ပဲအနည်းငယ်ပြောင်းသွားပါတယ်။ Airwave က Honda City ၊ Honda Fit Aria နဲ့ Honda Jazz တို့ကို အခြေခံထုတ်လုပ်ထားတာဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ ထုတ်လုပ်မှုအဆုံးသတ် ခဲ့လို့ ဒီကားနေရာမှာ Honda Fit Shuttle ကို အစားထိုး ထုတ်လုပ်ခဲ့ပါ တယ်။ ဒီကား ထုတ်လုပ်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ဂျပန်ပြည်တွင်းဈေးကွက် မှာတင်မက အာရှဈေးကွက်မှာပါ အောင်မြင်မှု ရခဲ့ပါတယ်။ Airwave နဲ့အပြိုင် Partner ကို ထုတ်လုပ်ခဲ့ပေမဲ့ အတွင်းခန်းဂရိတ်မြင့်တဲ့ Airwave က ဈေးကွက်ဝယ်စု ပိုရခဲ့ပြီး မြန်မာပြည်ဈေးကွက်မှာလည်း လူကြိုက်များတဲ့ ကားစာရင်းထဲ ပါဝင်နေဆဲ ဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား
===========
Airwave နဲ့ Partner ကို ၁၅ဝဝ စီစီ အင်ဂျင်တစ်မျိုးတည်း ထုတ် လုပ်ထားပြီး Honda ရဲ့ L-Series Engine Family ထဲမှာ ပါဝင်ပါတယ်။ Airwave ကို လူကြိုက်များတဲ့အချက်က အမြင့်ဆုံးအင်ဂျင်နည်းပညာ i-VTEC နဲ့ CVT ပါဝင်လာခြင်း ဖြစ်ပါတယ်။ အင်ဂျင်မှာ ွG-Searies နဲ့ L-Series နှစ်မျိုးရှိပြီး L-series ဖြစ်မှသာ CVT Seven-Speed Mode ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီကားမှာလည်း 2WD ၊ 4WD နှစ်မျိုးရှိပြီး Chassis အနေနဲ့ 2WD က GJ1 နဲ့ 4WD ဆိုရင် GJ2 နဲ့ ထွက်ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
=====================
မျိုးဆက်အနေနဲ့ တစ်ခုပဲ ရှိတဲ့အတွက် ၂ဝဝ၈ မိုဒယ်မှာ ရှေ့ရှဲလ် သုံးတန်း ဖြစ်သွားတာကလွဲလို့ မိုဒယ်တစ်ခုနဲ့ တစ်ခုကြားမှာ အပြင်ပိုင်းနဲ့ အတွင်း ခန်းအပြင်အဆင် သိသိသာသာ ပြောင်းသွားတာမရှိပါဘူး။ ၂ဝဝ၈ မိုဒယ်နဲ့အထက်မှာ ဂရိတ်အနေနဲ့ M ၊ MS Package ၊ ST ၊ M HID Edition ၊ Sky စတဲ့ဂရိတ်ခွဲတွေရှိပြီး ဂရိတ်တိုင်းမှာ Digital Aircon ၊ Smart Key ၊ မှန်ချိုးမှန်ခေါက် စတာတွေ ပါသွားပါတယ်။ Sun Roof ပါ၊ မပါကတော့ Option အပေါ်မှာမူတည်ပါတယ်။ ST နဲ့ Sky ဂရိတ်တွေက အမြင့်ဆုံးဖြစ်ပြီး Steering Leather ၊ Volume Control ၊ Fog Lights နဲ့ ရှေ့နောက် Spoiler တွေ ပါသွားပါတယ်။ Sky ဂရိတ် ဖြစ်ရင်တော့ Alloy Size က ၁၅ လက်မ ဖြစ်သွားပါတယ်။

ဈေးနှုန်း
======
Honda Airwave က ၂ဝ၁ဝ မိုဒယ်အထိပဲရှိတဲ့အတွက် ဒီကားကို ဝယ်ယူ မယ်ဆိုရင် နံပါတ်ထွက်ပြီးသားကားကိုပဲ ရှာဝယ်လို့ရပါတယ်။ J ၊ K ၊ L တန်းကို ရန်ကုန်လိုင်စင်နဲ့ ဝယ်မယ်ဆိုရင် ST နဲ့ Sky ဂရိတ်တွေက ကျပ်သိန်း ၂၁ဝ ဝန်းကျင်မှာရှိပြီး ကျန်ဂရိတ်တွေကတော့ ကျပ်သိန်း ၁၇ဝ နဲ့ သိန်းနှစ်ရာ ကြားမှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here