Honda RSX ဆိုင်ကယ်များ ၂၀၂၁ မိုဒယ်ထုတ်အနေဖြင့် ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်လာ

567

 

ဧရာဝတီ၊ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီးတွင် လူ ကြိုက်အများဆုံး ဆိုင်ကယ်အမျိုးအစားတစ်မျိုးဖြစ်သည့် Honda RSX မိုဒယ်၏ ၂၀၂၁ မိုဒယ်မှာ ယခုရက်ပိုင်းမှစ၍ ပြည်တွင်းဈေးကွက်အတွင်း စတင်ရောက်ရှိလာ ကြောင်း သိရသည်။
“ဒီရက်ပိုင်းပဲ စရောက်ပါ တယ်၊ ၂၀၂၁ မိုဒယ်ပေါ့၊ အရင်က ကာပရိုက်တာ Type နဲ့ ထွက်ခဲ့ပေမဲ့ အခု EFI Type ဖြစ်သွားတယ်”ဟု Honda ဆိုင်ကယ် အမျိုးအစားအစုံ တင်သွင်းရောင်းချလျက်ရှိသော Easy Rider Motorbike ကုမ္ပဏီမှ Managing Director ဦးတင်ကျော်နန္ဒက ပြောကြားသည်။
၂၀၂၁ မိုဒယ် Honda RSX ဆိုင်ကယ်သည် Manual Gear သုံးဆိုင်ကယ် ကြိုက်နှစ်သက်သူ များအတွက် ကျစ်ကျစ်လျစ်လျစ် ပေါ့ပေါ့ပါးပါး စီးနင်းနိုင်ရုံသာမက အကြမ်းခံသည့်အတွက် ရေရှည်စီး နင်းနိုင်မည်ဖြစ်ကာ EFI Type ဖြစ်သည့်အတွက် ဆီစားနှုန်းသက်သာ ရုံမက အင်ဂျင်အရုန်းအဆွဲပါ လုံးဝ သွက်လက်နေမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းအတွင်းရှိ ဆိုင်ကယ် အရောင်းပြခန်းများမှ စုံစမ်းသိရ သည်။
“အခု မိုဒယ်သစ်မှာ စတစ် ကာ ပြောင်းသွားတယ်၊ မိုင်းလစ်ခွက် ပြောင်းသွားတယ်၊ ထွက်တာကတော့ စပုတ်နဲ့ ဒလက်ဆိုပြီး နှစ်မျိုး နှစ်စား ထွက်တယ်၊ ဒါပေမဲ့ မြန်မာပြည် ကတော့ စပုတ်ပဲ ကြိုက်ကြတယ်”ဟု Easy Rider Motorbike ကုမ္ပဏီမှ Managing Director ဦးတင်ကျော်နန္ဒက ထပ်မံဆိုသည်။
110CC ဖြင့် ထွက်ရှိသော ဗီယက်နမ်နိုင်ငံထုတ် RSX ဆိုင်ကယ်သည် အပြာ၊ အဖြူ၊ အနက်၊ အနီ စသည့် အရောင်လေးရောင်ဖြင့် ထွက်ရှိထားပြီး တစ်စီးလျှင် မြန်မာ ငွေကျပ် ၁၆ သိန်းဖြင့် စတင် ရောင်းချလျက်ရှိကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here