Honda PCX 150 ဆိုင်ကယ်ဝယ်လျှင် ကျပ် သုံးသိန်း ငွေပြန်အမ်းမည်

696

 

မန္တလေး၊ ဇွန် ၁၆
ထိုင်းနိုင်ငံ Honda မော်တော်ဆိုင်ကယ်စက်ရုံမှ Covid-19 ကာလ အထူး ကူညီပံ့ပိုးမှုအစီအစဉ်ဖြင့် Honda PCX 150 ဆိုင်ကယ်ဝယ် ယူသူများကို ကျပ် သုံးသိန်း ပြန် အမ်းသွားမည်ဖြစ်ကြောင်း NCX Myanmar ကုမ္ပဏီမှ သိရသည်။

“ထိုင်းနိုင်ငံ Honda စက်ရုံ ကနေကို Covid-19 ကာလ ပြည် သူတွေအားလုံး ငွေကျပ်တည်းနေ ကြတဲ့အချိန် ဆိုင်ကယ်ဝယ်ယူချင် တဲ့သူတွေ အဆင်ပြေအောင် ငွေ ပြန်အမ်းပေးတာပါ၊ မူရင်းစျေးက မကျဘူး၊ ပြည်သူတွေအဆင်ပြေ အောင် ငွေပြန်အမ်းပေးပြီး ကူညီပေးတာပေါ့၊ Honda PCX ဆိုင်ကယ်ဝယ်မယ်ဆိုရင်တော့ ကျပ်သုံး သိန်း Cashback (ငွေပြန်အမ်း) ပေ မယ်ပေါ့”ဟု Honda ၏ Authorized Distributor ဖြစ်သော NCX Myanmar ကုမ္ပဏီမှ General Manager ကိုအောင်သူ မြင့်က ပြောကြားသည်။

ထိုသို့ ငွေပြန်အမ်းပေးသည့် အစီအစဉ်ကို မြန်မာတစ်နိုင်ငံလုံးရှိ NCX Myanmar Honda Showroom များတွင် သာမက NCX Myanmar Co.,Ltd ၏ နယ်အရောင်း ကိုယ်စားလှယ်ဆိုင်များအတွက်ပါ အကျုံးဝင်ကာ နယ်ဒေသများတွင် ဝယ်ယူပါကလည်း ယင်းခံစားခွင့်ရရှိမည် ဖြစ်ကြောင်း၊ ထို သို့ ငွေပြန်အမ်းလိုက်ခြင်းကြောင့် Honda PCX 150 ဆိုင်ကယ်ဝယ် ယူပါက ယခင်မူရင်းစျေး ၄,၃၅ဝ, ဝဝဝ ကျပ်မှ ယခု ၄,ဝ၃၅,ဝဝဝ ကျပ်သာ ကျသင့်တော့မည်ဖြစ် ကြောင်း ထပ်မံသိရသည်။

“အခုအစီအစဉ်က ဘယ်နေ့နောက်ဆုံးဆိုတာထက် အရေ အတွက် ကန့်သတ်ထားတဲ့အတွက် သတ်မှတ်အရေအတွက် ကုန်တာနဲ့ ရပ်သွားမှာပေါ့၊ PCX အတွက် Cashback ပြန်ပေးတဲ့အစီအစဉ်က သိပ်မကြာသေးဘူး၊ အခုမှ အစပဲ ရှိသေးတယ်၊ အရစ်ကျဝယ်ချင်သူတွေအတွက်လည်း ဒီကာလမှာ ဝယ်မယ်ဆိုရင် အရစ်ကျ ဝန်ဆောင်ခကို Free နဲ့ လုပ်ဆောင်ပေးသွား ပါမယ်”ဟု အဆိုပါကုမ္ပဏီမှ General Manager ကိုအောင်သူမြင့်က ထပ်မံဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here