Honda ၏ အရောင်းကိုယ်စားလှယ်များအား Mini 3S မှ 3S အဆင့်သို့ မြှင့်တင်ပေးသွားမည်

169

 

မန္တ​လေး၊ ​အောက်တိုဘာ ၁၄

မြန်မာတစ်နိုင်ငံလုံးရှိ Honda ဆိုင်ကယ်အရောင်းကိုယ်စားလှယ်များအား လက်ရှိ Mini 3S အဆင့်မှ Sales, Service , Spare Parts (3S) အဆင့် အပြည့်အ၀ရရှိအောင် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း NCX Myanmar ကုမ္ပဏီမှ သိရသည်။

“Honda အရောင်းကိုယ်စားလှယ်တွေအားလုံး Mini 3S ကနေ 3S အဆင့် တိုးမြှင့်ပေးခြင်းအားဖြင့် သူတို့အတွက် ၀င်ငွေအများကြီးတိုးတက်လာမယ်၊ သားစဉ်မြေးဆက်အထိ လုပ်ကိုင်နိုင်အောင် ၀င်ငွေရအောင် မျှော်မှန်းလုပ်ဆောင်ပေးနေတယ်” ဟု Honda ၏ မြန်မာပြည် Authorized Distributor ဖြစ်သည့် NCX Myanmar ကုမ္ပဏီမှ General Manager & Customer Service Decision ကိုမင်းမင်းအောင်က ပြောကြားသည်။

လက်ရှိတွင် ကုမ္ပဏီပိုင် Honda ဆိုင်ကယ်အရောင်းပြခန်း ၁၀ ခုကို Sales, Service, Spare Parts အပြည့်အ၀ရရှိနိုင်သည့် 3S အဆင့် သတ်မှတ်ထားပြီး အရောင်းကိုယ်စားလှယ်ဆိုင်များကို 3S နီးပါး ၀န်ဆောင်မှုပေးနိုင်သည့် Mini 3S ဟု သတ်မှတ်ထားရာ ယခုအခါ Honda အရောင်းကိုယ်စားလှယ်ဆိုင်များအားလုံး ဘဏ္ဍာရေးနှစ်အလိုက် 3S အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ထပ်မံသိရသည်။

“3S အဆင့် မြှင့်တင်ပေးပြီဆိုရင် ကိုယ်စားလှယ်တွေဘက်က ဆိုင်နေရာနဲ့ အဆောက်အအုံစိုက်ရတယ်၊ ကျွန်တော်တို့ NCX ဘက်က အဆောက်အအုံ ဒီဇိုင်းပိုင်းတွေ လိုအပ်တာတွေ ထောက်ပံ့ပေးတယ်၊ နေရာအကျယ်အ၀န်းကတော့ အရောင်းကိုယ်စားလှယ်ရဲ့ လစဉ် ရောင်းရတဲ့ အရေအတွက်အပေါ်မူတည်သွားမယ်ပေါ့၊ 3S အဆင့်ရောက်ဖို့ဆိုရင် အဆောက်အအုံ ပြင်ဆင်ရတာအပြင် ၀န်ထမ်းတွေရဲ့ လိုအပ်တဲ့ Skills တွေကို ကျွန်တော်တို့ဘက်က Training ပေးတာတွေရှိမယ်၊ Service ပိုင်းဆိုလည်း Mechanic သမားတွေကို Honda ရဲ့ Certified ဖြစ်ထားတဲ့ ကျွမ်းကျင်ပညာရှင်တွေက စာတွေ့လက်တွေ့ပို့ချပေးတာတွေရှိမယ်၊ အဲဒီလိုပဲ Spare Parts ကအစ အစုံရောင်းချနိုင်အောင် ကူညီပေးသွားမယ်” ဟု အဆိုပါကုမ္ပဏီ General Manager & Customer Service Decision ကိုမင်းမင်းအောင်က ထပ်မံပြောဆိုသည်။

လက်ရှိတွင် မန္တလေး၊ ပလော စသည့် Honda ဆိုင်ကယ်ရောင်းအားအကောင်းဆုံး မြို့ပေါင်း ၁၀ မြို့ရှိ Honda အရောင်းကိုယ်စားလှယ်ဆိုင်များအား 3S အဆင့်သို့ မြှင့်တင်ပေးထားပြီးဖြစ်ကာ ကျန်ရှိသော အရောင်းကိုယ်စားလှယ်များကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် 3S အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း NCX Myanmar ကုမ္ပဏီမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
မကွေးမြို့ရှိ 3S အဆင့် Honda ဆိုင်ကယ်အရောင်းပြခန်းအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here