အဦးဆုံးပွန်းစားပျက်စီးမည့် သင့်ခေတ်ပေါ်ကားသစ်ကြီးမှ သာမိုစတက်

198

ဟီးရိုး(RIT)

ခေတ်ပေါ်ကားအသစ်စက်စက်ကြီးများမှ မည်သည့်ပစ္စည်းအစိတ်အပိုင်း များ စတင်ပွန်းစား၊ သို့မဟုတ် ပျက်စီးမည်၊ သင်တွေ့မြင်နေကျအတိုင်း ဖြစ်ရမည်ဆိုသည်ကို ပြောနိုင်ဖြေကြားနိုင်ရန်ဖြစ်သည်။ အသုံးပြု၍ ကုန်သွားသော ပစ္စည်းများဖြစ်သည့် ဘရိတ်လိုင်နာ၊ ဘရိတ်ပက်များ၊ ဆီများ၊ ဝိုက်ပါ ဘလိတ်ရော်ဘာများ စသည်တို့ကို မဆိုလိုသောကြောင့် မည်သည့် ပစ္စည်းတစ်ခုခုဖြစ်မည်ဆိုသည်ကို အမည်တပ်ရန် ခက်ခဲ သွားသည်။ မည်သည့်ကုမ္ပဏီက ထုတ်လုပ်သည့်ကားဖြစ်စေ၊ မည်သည့် မိုဒယ်ဖြစ်စေ အားနည်းချက်များက ရှိနေသည်ချည်းဖြစ်သည်။ ဥပမာ- ခရိုက်စလာ(Chrysler)မှထွက်သည့်ကားများက ဂီယာပိုင်းပျက်စီးတတ် သည်ဟု ပြောစမှတ်ရှိသည့်နည်းတူ ဘောက်စ်ဝဲဂွန်း(VW) က လျှပ်စစ်ပိုင်း အဖျက်အဆီး နတ်ဆိုး၊ မှင်စာများ ပါရှိတတ်သည် စသဖြင့် နာမည် ဆိုးများ ရှိနေတတ်သည်။ အကယ်၍ သင်က ကြံ့ခိုင်ရေးအတွက် အကာ အကွယ်ပေးလေ့ရှိသော အစိတ်အပိုင်းကိုရှာဖွေနေပါမူ သင့်ကားအသစ် ကြီးအတွက် သီးသီးသန့်သန့်အဖြေတစ်ခုကို မျှော်လင့်နေသည့်သဘော ဖြစ်နေပေလိမ့်မည်။
အဖြေကတော့ ရှိပါသည်။ ခေတ်ပေါ်ကားအများစုအတွက် အဦးဆုံး အပျက်များသည်မှာ သာမိုစတက်(Thermostat)ပင် ဖြစ်သည်။ ယခု ခေတ်တွင် ယင်း သာမိုစတက်မျိုးသည် သတ္တု(Metal)နှင့် မဟုတ်ဘဲ ပလတ်စတစ်(Plastic)များဖြင့် ပြုလုပ်လာနေသောကြောင့်ဖြစ်ပြီး ယင်း ပလတ်စတစ်အသားမှာ ရေအပူလှည့်လည်ခြင်းဖြင့် ထိတွေ့ရရှိလာသော အပူခံနိုင်ရည် ကောင်းစွာမရှိသောကြောင့်ဖြစ်သည်။ အပူချိန်လျှော့ချပေး သောအရည်(ရေ၊ သို့မဟုတ် ကူးလင့်ပေါင်းစပ်ထားသောရေ)၏ စီးဆင်း လှည့်လည်မှုနှုန်းကို ယင်းသာမိုစတက်က ထိန်းပေးသောအလုပ် ပြု လုပ်ပေးသည်။ သာမိုစတက်ပွင့်ရမည့် အချိန်အခါများတွင် ကျရှုံးမှုသည် ဒီဇိုင်းညံ့ဖျင်းမှုကြောင့်လည်း ဖြစ်တတ်သည်။ သာမိုစတက် ထိုသို့ပျက်စီး လျှင် အင်ဂျင်အတွင်း ရေပတ်(လှည့်)လမ်းကြောင်းများ၌ ရေ(ကူးလင့်) ဖြတ်စီးဆင်းသွားလာ၍ မရတော့ခြင်းက ပျက်စီးနည်းတစ်မျိုး ဖြစ်သည်။ အင်ဂျင်သည်လည်း အပူချိန်မြင့်တက်လာမည်ဖြစ်သဖြင့် မြင့်တက်လာ သောအပူများသည် အခြားသော အစိတ်အအပိုင်းများကိုလည်း စတင် တိုက်ခိုက်ဖျက်ဆီးရန် အခွင့်အလမ်းများစွာ ရလာမည်ဖြစ်သည်။
ရေတိုင်ကီ(Radiator)မှ အားနည်းသောနေရာများအား မှုတ်ထုတ်ရန် လည်းကောင်း၊ ရေပိုက်ကြီး/ငယ်တို့ကို တွန်း/ကန်ထုတ် ဆွဲဖြုတ်ရန် လည်းကောင်း၊ ထိုမှတစ်ဆင့် ဂတ်စကတ်ပေါက်(ပျက်စီး)သည်အထိ ဆိုး ကျိုးများ ဖြစ်ပေါ်လာစေလိမ့်မည်။ ဂတ်စကတ်ပေါက်သည်ဆိုသည်ကို ကားနှင့်နီးစပ်သော သာမန်အရပ်သားများပင် နားလည်သဘောပေါက် နေကြပြီးဖြစ်သည်။ သို့သော် ဂတ်စကက် အသစ်တစ်ချပ် လဲလှယ်တပ် ဆင်ဖို့လောက်သာ အာရုံထဲရှိနေတတ်ကြသည်။ ဘာကြောင့် ဂတ်စကက် ပေါက်ရသည်ကိုမစဉ်းစားဘဲ ဂတ်စကက်ပေါက်တိုင်း အသစ်လဲနေပါက ဂတ်စကက်သက်တမ်း ကြာ/ကုန်ဆုံးသည်မှလွဲ၍ အခြားအကြောင်းများ ကြောင့် ချွတ်ယွင်းပျက်စီးမှုဖြစ်လျှင် ဂတ်စကက်အချပ်သစ် တစ်ရာ ဆက် လက်လဲနေရပေတော့မည်။ အခြားပြစ်ချက်များကြောင့် ဂတ်စကက်ပေါက် တတ်သည်များထဲမှ အပူချိန်လွန်ကဲခြင်းကြောင့်၊ သို့မဟုတ် သာမိုစတတ် ချွတ်ယွင်းမှုကြောင့် ကားအသစ်များတွင်ဖြစ်ရခြင်းသည်လည်း အဓိက အကြောင်းအရင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် သာမိုစတက်ဖြုတ် စစ် ဆေးခြင်း၊ ချွတ်ယွင်းချက်တွေ့ရှိလျှင် အသစ်တစ်ခုလဲခြင်းသည် ပထမ အလုပ်၊ ဂတ်စကက်အသစ်လဲခြင်းသည် ဒုတိယအလုပ်ဟု မှတ်ယူဆောင် ရွက်ရာ၏။
မည်သည့်ကားအသစ်တွင်ဖြစ်စေ၊ ပျက်စီးချွတ်ယွင်းပြီး လမ်းကြောင်း ဖွင့်မပေးသော သာမိုစတတ်ကို အသစ်တစ်လုံးနှင့် လဲလိုက်ခြင်းအား အဦးဆုံး ဆောင်ရွက်ရပေလိမ့်မည်။ အင်ဂျင်မှလိုအပ်သောအပူချိန်အတွက် သာမိုစတက်မှ လိုက်ပါစောင့်ရှောက်သည့် ကူးလင့်(ရေ)ကိုလိုအပ်သလို အထိန်းအကျောင်းဖြင့် လည်ပတ်နိုင်မည်ဖြစ်ပြီး အင်ဂျင်လည်း ကောင်း မွန်စွာလည်ပတ်နိုင်မည်ဖြစ်သည်။ ပုံမှန်အလုပ်လုပ်နေသော သာမိုစတက် အတွက် အင်ဂျင်မှာ အလုပ်လုပ်သောအပူချိန်(Working Temperature)သို့ရောက်ရှိရန် အင်ဂျင်ကိုစတင်နှိုးထားရာမှ အချိန်အနည်းငယ် ပေးရ သည်ဆိုရာ၌ အင်ဂျင်ဆိုဒ်ကြီးလျှင်ကြီးသလို အချိန်အနည်းငယ်ပိုကြာ တတ်ကြသည်။ ထို့ထက်ပိုမို အချိန်ကြာနိုင်သေးသည်မှာ သာမိုစတက် သာချွတ်ယွင်းပြီး အပူချိန်အလိုက် အပိတ်/အဖွင့်မပြုလုပ်လျှင် (တောက် လျှောက်ဖွင့်နေပါလျှင်) အင်ဂျင်အေးသောအချိန်တွင် သာမိုစတက်က အင်ဂျင်အလုပ်လုပ်သည့် အပူချိန်ရောက်မှ ကူးလင့်(ရေ)ကို လှည့်လည် ရန် ပျက်ကွက်ချွတ်ယွင်းသည်ဖြစ်သောကြောင့် (တောက်လျှောက်ပွင့်နေ သည် ဖြစ်၍) အင်ဂျင်အလုပ်လုပ်သောအပူချိန်သို့ ရောက်ရှိလာရန် လိုအပ်သည်ထက် အချိန်များစွာ ပိုကြာမြင့်ရခြင်းဖြစ်သည်။
သာမိုစတက်ပျက်စီးနည်း
ဤတစ်မျိုးမှာ ရေတိုင်ကီ၊ ရေပိုက်များနှင့် ဂတ် စကက်ကို တိုက်ခိုက်တော့မည် မဟုတ်သော်လည်း အင်ဂျင် ပုံမှန်အလုပ်လုပ်သော အပူချိန်သို့ရောက်ရှိရန် အချိန် အနည်းငယ် ပိုပေးရမည်။ လောင်စာ ဆီအနည်းငယ် ပိုအသုံးပြုရမည်။
ကားအသစ် စက်စက် အသုံးပြုသူများ မိမိ၏ကား အဦးဆုံးပျက်စီးနိုင်သည့် အစိတ် အပိုင်းကို မည်သို့ပျက်စီးနိုင်သည်ကိုသိရန် သာမိုစတက် ပျက်နည်းနှစ် မျိုးကို သာမန်ကားသုံးသူတို့အတွက် ဖော်ပြခြင်းသာဖြစ်သည်။ အလွယ် အားဖြင့် အပိတ်ပျက်၊ အဖွင့်ပျက်နှစ်မျိုးဟုမှတ်လျှင် လွယ်ကူစွာ မှတ် သားနိုင်လိမ့်မည်ဟု ယူဆမိပါသည်။
ခေတ်ပေါ်ကားတို့၏ ပစ္စည်းများ ဝယ်ယူရခက်နေသေးသည့်အခိုက် တွင် ကားကို အနားပေးထား၍လည်း မရသည့်အလျောက် သာမိုစ တက်ကို တိုက်ရိုက်ဖွင့်ထားသည့်အနေအထားသို့ ဆောင်ရွက်ထားလိုက် ခြင်းက လမ်းမပေါ်တွင် ကားအသစ်ကြီးနှင့်ပတ်သက်၍ အဓိက ခေါင်း ကိုက်နေရမည့်အဖြစ်ဆိုးနှင့်နှိုင်းစာလျှင် လောင်စာဆီအနည်းငယ် ပိုကျွေး လိုက်ရခြင်းက ပြုလုပ်သင့်သည်၊ တန်သည်ဟုပင် ဆိုရပေလိမ့်မည်။ (မှတ်ချက်။ အချို့သော ခေတ်ပေါ်ကားသစ်ကြီးများက သာမိုစတက်အတွက် ဆင်ဆာများပါရှိလေရာ ချွတ်ယွင်းချက်၊ ပြောင်းလဲမှုရှိသည်နှင့် သတိပေး ချက်(မီး)များလင်းကာ သတိပေးတော့သည်။ ဤကဲ့သို့ အမျိုးအစား ကား များအတွက် သာမိုစတက်အသစ်တစ်လုံး မရအရ ရှာဖွေလဲလှယ် လိုက် ခြင်းက အေကာင်းဆုံးဆောင်ရွက်ချက် ဖြစ်ပေလိမ့်မည်)

LEAVE A REPLY

Please enter your comment!
Please enter your name here