Honda မှ NCX Member ဖြစ်လိုပါက ပေးဆောင်ရမည့် Member ကြေးများ သတ်မှတ်ကြေညာ

121

 

မန္တလေး၊ အောက်တိုဘာ ၂၂

Honda ဆိုင်ကယ်ချစ်သူများအတွက် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်းနှင့် အရည်အသွေးပြည့်မီပြီး စစ်မှန်သော အပိုပစ္စည်းများ ဝယ်ယူနိုင်ရန် NCX Member ဖြစ်လိုပါက ယခုအောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း Free Member လျှောက်ထားနိုင်ပြီး ယင်းကာလကျော်လွန်ပါက NCX Member ဖြစ်လိုလျှင် ပေးဆောင်ရမည့် Member ကြေးများကို စတင်သတ်မှတ်ကြေညာလိုက်ပြီဖြစ်ကြောင်း Honda ၏ မြန်မာပြည် Authorized Distributor ဖြစ်သည့် NCX Myanmar ကုမ္ပဏီမှ သိရသည်။

“အခုလို Member ကြေး သတ်မှတ်တာက တစ်သက်တာစာဖြစ်ပါတယ်၊ တစ်နှစ်တစ်ခါ ပေးဆောင်ရတာမျိုးမဟုတ်ဘဲ တစ်သက်တာစာဖြစ်တဲ့အတွက် Honda ချစ်သူတွေ၊ NCX Member တွေအတွက် အခွင့်အလမ်းတွေလည်း အများကြီး ရရှိပါလိမ့်မယ်၊ အခုလို နှုန်းထား သတ်မှတ်တယ်ဆိုတာကလည်း Honda အသိအမှတ်ပြု ကျွမ်းကျင် Mechanic တွေက ဆိုင်ကယ်ကို Honda ရဲ့ စံချိန်စံညွှန်းအတိုင်း Service လုပ်ပေးသွားနိုင်မှာဖြစ်ပါတယ်” ဟု အဆိုပါကုမ္ပဏီ၏ General Manager & Customer Service Division မှ ကိုမင်းမင်းအောင်က ပြောကြားသည်။

Honda ဂီယာဆိုင်ကယ်များအားလုံးသည် Family Type အတွင်း အကျုံးဝင်သွားမည်ဖြစ်ပြီး Member Fees ကျပ် ခုနစ်သောင်း သတ်မှတ်ထားကြောင်း၊ Auto ဆိုင်ကယ်များအားလုံးသည် Auto Type အတွင်း အကျုံးဝင်သွားမည်ဖြစ်ကာ Member Fees ကို ကျပ် တစ်သိန်း သတ်မှတ်ထားကြောင်း၊ NCX Member Card ပြုလုပ်ခြင်းအားဖြင့် အင်ဂျင်ဝိုင် တစ်ကြိမ် အခမဲ့လဲလှယ်ပေးခြင်း၊ ဆိုင်ကယ်ကို Honda မှ သတ်မှတ်ပေးထားသော ကာလပိုင်းခြားအလိုက် စစ်ဆေးမှုများ အသေးစိတ် စစ်ဆေးပေးခြင်း၊ ရရှိလာသော အချက်များကို Customer အား အသေးစိတ် ရှင်းပြပေးခြင်း၊ စစ်ဆေး၍ ရရှိလာသော အချက်များအပေါ်မူတည်၍ ချိန်ညှိရန်လိုအပ်သော အပိုင်းများကို ပြန်လည်ချိန်ညှိပေးခြင်း၊ အသေးစားပြုပြင်မှုများကို တစ်ခါတည်း ပြုပြင်ပေးခြင်း၊ Member ဝင်သူတိုင်း၏ ဆိုင်ကယ်များကို PDI စစ်ဆေးခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပြီး အင်ဂျင်ဝိုင် တစ်ဘူး လက်ဆောင်ပေးခြင်း စသည့် အခွင့်အရေးများစွာ ရရှိမည်ဖြစ်ကြောင်း NCX Myanmar ကုမ္ပဏီမှ ထပ်မံသိရသည်။

“NCX Member ဖြစ်လိုတယ်၊ Member Fees လည်း မပေးလိုဘူးဆိုရင်တော့ Free Member ဖြစ်ခွင့်ရမယ့်အစီအစဉ် ပြုလုပ်ထားတာ ရှိပါတယ်၊ နိုဝင်ဘာလမကုန်မီ နောက်ဆုံးထားပြီး Honda အရောင်းကိုယ်စားလှယ်ဆိုင်တွေနဲ့ Honda NCX Showroom တွေမှာ အမြန်လာရောက်လျှောက်ထားဖို့လိုပါမယ်” ဟု ယင်းကုမ္ပဏီ၏ General Manager & Customer Service Division မှ ကိုမင်းမင်းအောင်က ထပ်မံဆိုသည်။

ယခု အောက်တိုဘာလမှစ၍ Honda NCX Myanmr ကုမ္ပဏီ၏ Service Center အားလုံးတွင် NCX Myanmar ကုမ္ပဏီမှ ဝယ်ယူထားသော Honda ဆိုင်ကယ်များကိုသာ ပြင်ဆင်ပေးတော့မည်ဖြစ်သဖြင့် အခြားဆိုင်ကယ်အရောင်းပြခန်းများမှ ဝယ်ယူထားသော Honda ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် NCX Member ဖြစ်လိုပါက Honda NCX Myanmar Page ရှိ Free Member ဖြစ်ဖို့အခွင့်အရေး Post ကို သူငယ်ချင်းသုံးယောက်အား Tag တွဲ၍ Public ဖြင့် Share ကာ Free Member ဖြစ်ခွင့် လျှောက်ထားနိုင်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here