Honda  မှ  ယခုနှစ်မကုန်မီ Dealer   ၃၇  ဦး   ထပ်မံခန့်အပ်မည်

1372

Honda မှ မြို့ကြီးများတွင် Sales , Service , Spare Parts(3S) ဟု ခေါ်သော Showroom များအပြင် နယ်မြို့များ၌ အရောင်းကိုယ်စား လှယ်များခန့်အပ်၍ Mini 3S Showroom များ ဖွင့်လှစ်လျက်ရှိရာ ယခု ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မကုန်မီ Dealer ၃၇ ဦး ထပ်မံခန့် အပ်သွားဦးမည်ဖြစ်ကြောင်း NCX Myanmar ကုမ္ပဏီမှ သိရသည်။

 

”ကုမ္ပဏီပိုင် Showroom တွေကိုတော့ 3S Showroom လို့ သတ်မှတ်တယ်၊ အရောင်းကိုယ်စားလှယ်တွေခန့်ပြီး ဖွင့်တာကျတော့ Mini 3S Showroom လို့ သတ်မှတ်ထားပါတယ်၊ အရောင်းကိုယ်စားလှယ်တွေကို ၂ဝ၁၃ ခုနှစ်ကတည်းက ခန့်အပ်လာတာ ဒီနှစ် မကုန်ခင် ဆိုင်ပေါင်း ၁ဝ၂ ဆိုင် ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတာဖြစ်တဲ့ အတွက်လာမယ့် ၂ဝ၁၈ ခုနှစ်၊ မတ်လမတိုင်ခင်အထိ နောက်ထပ် Dealer ၃၇ ဦး ခန့်အပ်သွားပါမယ်” ဟု ‘ Honda ၏ မြန်မာပြည် Authorized Distributor ဖြစ်သော NCX Myanmar ကုမ္ပဏီ’ ဒါရိုက်တာ ဦးနေမင်းဟန်က ပြောသည်။

 

အရောင်းကိုယ်စားလှယ်များ  ခန့်အပ်၍ Mini 3S Showroom များကို ၂ဝ၁၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ရာ စက်တင်ဘာလပထမပတ်အထိ ၆၅ ဆိုင် ဖွင့်လှစ် ပြီးဖြစ်၍ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် မကုန်မီ ဆိုင်ပေါင်း ၁ဝ၂ ဆိုင် ပြည့်မီစေရန် ထပ်မံ၍ ၃၇ ဆိုင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဖွင့်လှစ်ရာတွင်လည်း NCX Myanmar ကုမ္ပဏီနှင့် ရေရှည် လက်တွဲနိုင်မည့်သူ၊ နယ်ခံဖြစ်သူ၊ ဆိုင်ကယ်နှင့်ဆက်စပ်သော စီးပွားရေးလုပ်ကိုင်နေသူ၊ Honda ဆိုင် ကယ်စျေးကွက် ရေရှည်အလားအလာကောင်းလာနိုင်မည့်မြို့ စသည်တို့ကို ဦးစားပေးရွေးချယ်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ထပ်မံသိရသည်။

 

”အရောင်းကိုယ်စားလှယ်ခန့်အပ်ပြီး Mini 3S Showroom ကို နောက်ဆုံးအနေနဲ့ ကူမဲမှာ ဖွင့်ခဲ့တယ်၊ ဒီလထဲမှာဆို ရှမ်းပြည်နယ်တောင်ပိုင်းက ပင်လုံမှာ ဖွင့်ဖို့ စီစဉ်နေတယ်၊ နောက်ထပ်လည်း Honda ဆိုင်ကယ်စျေးကွက် ကောင်းနေတဲ့မြို့တွေ၊ အားကောင်းလာနိုင်တဲ့မြို့တွေကို ဦးစားပေးရွေးချယ်ပြီး ဖွင့်လှစ်သွားပါမယ်၊ အခု ဘတ်ဂျက်နှစ်မကုန်ခင်တော့ ၁ဝ၂ ဆိုင်ပြည့်မီအောင် ဖွင့်လှစ်သွားမှာပါ၊ ကုမ္ပဏီဘက်ကတော့အရောင်း ကိုယ်စားလှယ်တွေ အကုန်လုံး Sales, Service, Spare Parts အစုံ ထောက်ပံ့ပေးထားပါတယ်”  ဟု NCX Myanmar ကုမ္ပဏီမှ Dealer Development Manager ကိုသီဟန်ဦးက ဆိုသည်။

အရောင်းကိုယ်စားလှယ်များ ခန့်အပ်၍ဖွင့်လှစ်သော Mini 3S Showroom များတွင်လည်း Honda Click ၊ Scoopy i၊ Wave 100 ၊  Dream 125 စသော ဆိုင်ကယ်များ ထားရှိရောင်းချပေး သွားမည်ဖြစ်ကာ အင်ဂျင် အာမခံ၊ Service စသည်တို့ကိုလည်း ဝန်ဆောင်မှု အပြည့်အဝပေးထားကြောင်း NCX Myanmar ကုမ္ပဏီမှ သိရသည်။ Mini 3S Showroom များအပြင် ကုမ္ပဏီပိုင် 3S Showroom များကို လက်ရှိတွင် မန္တလေး၊ တောင်ကြီး၊ ပဲခူး၊ မော် လမြိုင်၊ ပြည်၊ ပုသိမ်၊ မြိတ်၊ တောင်ငူ၊ မုံရွာ၊ မကွေးစသော အဆိုပါမြို့ကြီး ၁ဝ မြို့တွင် ဖွင့်လှစ်ထားသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here