Honda ဆိုင်ကယ်များကို ကျပ် ​ခြောက်သောင်းမှ သုံးသိန်းခွဲအထိ စျေးလျှော့ရောင်းချ

260

 

မန္တ​လေး၊ ​အောက်တိုဘာ ၆

မြန်မာတစ်နိုင်ငံလုံးရှိ Honda ဆိုင်ကယ်ချစ်သူများ Covid-19 ကာလအတွင်း ဆိုင်ကယ်၀ယ်ယူရာ၌ အထောက်အပံ့တစ်ခုဖြစ်စေရန် ရည်ရွယ်၍ Honda ဆိုင်ကယ်အမျိုးအစားအလိုက်အပေါ်မူတည်ကာ ကျပ် ​ခြောက်သောင်းမှ သုံးသိန်းခွဲအထိ စျေးလျှော့ရောင်းချပေးနေကြောင်း NCX Myanmar ကုမ္ပဏီမှ သိရသည်။

“အခု Covid-19 ကာလမှာ Honda ဆိုင်ကယ်၀ယ်ယူမယ့်သူတွေအတွက် အနည်းငယ်ပဲ အထောက်အပံ့ဖြစ်ဖြစ်ဆိုပြီး စျေးလျှော့ရောင်းပေးတာပါ၊ Honda Wave 100 (Drum) နဲ့ Dream 125 ကတော့ စျေးမလျှော့ဘူး၊ အရင်စျေးတွေ အတိုင်းပဲ၊ တခြား Honda ဘီးအမျိုးအစားတွေတော့ အမျိုးအစားလိုက်အပေါ် မူတည်ပြီး စျေးအများကြီး ချပေးထားပါတယ်” ဟု Honda ဆိုင်ကယ်၏ မြန်မာပြည် Authorized Distributor ဖြစ်သော NCX Myanmar ကုမ္ပဏီမှ General Manager ကိုအောင်သူမြင့်က ပြောကြားသည်။

ထိုသို့ စျေးလျှော့ရောင်းချပေးရာတွင် Honda Wave 100 (Disk) ဆိုင်ကယ်များအား ယခင် ကျပ် ၁,၃၆၀,၀၀၀ ဖြင့် ရောင်းချပေးခဲ့ရာမှ ယခု ကျပ် ၁,၃၀၀,၀၀၀၊ Wave 110i (Drum) ဆိုင်ကယ်အား ယခင် ကျပ် ၁၆၈၀၀၀၀ ဖြင့် ရောင်းချပေးခဲ့ရာမှ ယခု ကျပ် ၁,၆၀၀,၀၀၀၊ Wave 110i (Disk) ဆိုင်ကယ်အား ယခင် ကျပ် ၁,၇၅၀,၀၀၀ ဖြင့် ရောင်းချပေးခဲ့ရာမှ ယခု ကျပ် ၁,၆၇၀,၀၀၀၊ Wave 110 R ဆိုင်ကယ်အား ယခင် ကျပ် ၁,၄၉၀,၀၀၀ ဖြင့် ရောင်းချပေးခဲ့ရာမှ ယခု ကျပ် ၁,၃၃၀,၀၀၀ စသည်ဖြင့် စျေးအသီးသီး လျှော့ချပေးထားကြောင်း၊ ထို့ပြင် Honda Click ဒလက်ဆိုင်ကယ်အား ယခင် ကျပ် ၃,၀၅၀,၀၀၀ ဖြင့် ရောင်းချခဲ့ရာမှ ယခု ကျပ် ၂,၇၅၀,၀၀၀၊ Click စပုတ် ဆိုင်ကယ်အား ယခင် ကျပ် ၂,၈၅၀,၀၀၀ ရောင်းချခဲ့ရာမှ ယခု ကျပ် ၂,၆၅၀,၀၀၀၊ Scoopyi Urban ဆိုင်ကယ်အား ယခင် ကျပ် ၂,၅၆၀,၀၀၀ ဖြင့် ရောင်းချခဲ့ရာမှ ယခု ကျပ် ၂,၃၅၀,၀၀၀၊ Scoopyi Prestige ဆိုင်ကယ်အား ယခင် ကျပ် ၂,၅၉၀,၀၀၀ ဖြင့် ရောင်းချခဲ့ရာမှ ယခု ကျပ် ၂,၄၀၀,၀၀၀၊ Scoopyi Club 12 ဆိုင်ကယ်အား ယခင် ကျပ် ၂,၇၃၀,၀၀၀ ဖြင့် ရောင်းချခဲ့ရာမှ ယခု ကျပ် ၂,၅၀၀,၀၀၀၊ PCX ဆိုင်ကယ်အား ယခင် ကျပ် ၄,၃၅၀,၀၀၀ ဖြင့် ရောင်းချခဲ့ရာမှ ယခု ကျပ်သိန်း ​လေးဆယ်စသော နှုန်းထားအသီးသီးသို့ ပြောင်းလဲကာ စျေးလျှော့ရောင်းချပေးနေကြောင်း NCX Myanmar ကုမ္ပဏီမှ ထပ်မံသိရသည်။

“စျေးလျှော့ပေးတာက ကျွန်တော်တို့ Honda NCX Myanmar ရဲ့ ကိုယ်ပိုင် Showroom တွေမှာရော၊ တစ်နိုင်ငံလုံးက Honda အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ​ရော ဖြစ်ပါတယ်” ဟု ယင်းကုမ္ပဏီမှ General Manager ကိုအောင်သူမြင့်က ထပ်မံဆိုသည်။

Covid-19 ဒုတိယလှိုင်းကာလတွင် Honda ဆိုင်ကယ်ချစ်သူများ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ် စျေးလျှော့ပေးခြင်းဖြစ်သည့်အတွက် ​အောက်တိုဘာ ၆ ရက်(ယနေ့)မှစ၍ အဆိုပါလျှော့စျေးနှုန်းထားများဖြင့် စတင်၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here