Honda ဆိုင်ကယ်ပိုင်ရှင်များ NCX ၏ Free Member ဖြစ်ခွင့်ရရှိမည့်အစီအစဉ် စတင်

276

 

မန္တ​လေး၊ ​အောက်တိုဘာ ၇

Honda ဆိုင်ကယ်ပိုင်ရှင်များအားလုံး NCX Myanmar ကုမ္ပဏီ၏ Free Member ဖြစ်ခွင့်ရရှိမည့်အစီအစဉ်ကို ယခုလဆန်းပိုင်းမှစတင်လိုက်ပြီး Member ၀င်ထားခြင်းအားဖြင့် Service လာရောက်ပြုပြင်နိုင်ခြင်း၊ အပိုပစ္စည်း၀ယ်ယူခွင့်ရရှိခြင်း စသော အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

“အရင်ကတော့ Honda Showroom တွေက Service Center တွေမှာ ကျွန်တော်တို့ NCX က တင်သွင်းရောင်းချထားတဲ့ ဆိုင်ကယ်တွေအပြင် နယ်စပ်ကနေ တင်သွင်းရောင်းချကြတဲ့ Honda ဆိုင်ကယ်တွေပါ ပြင်ဆင်ပေးခဲ့တယ်၊ အခု အစီအစဉ်တစ်မျိုးပြောင်းထားတယ်၊ အခု အောက်တိုဘာလကစပြီး Honda NCX Service Center တွေမှာ ကျွန်တော်တို့ NCX ကုမ္ပဏီက ၀ယ်ယူထားတဲ့ Honda ဆိုင်ကယ်တွေပဲ ပြင်ဆင်ပေးတော့မယ်၊ ကျွန်တော်တို့ Customer သီးသန့်ပဲ အပိုပစ္စည်း ရောင်းချပေးတော့မယ်၊ အဲဒီအတွက် ကျွန်တော်တို့ NCX က ၀ယ်တာမဟုတ်တဲ့ တခြား Honda ဆိုင်ကယ်ပိုင်ရှင်တွေအနေနဲ့ ကျွန်တော်တို့ဆီမှာ လာရောက်ပြင်ဆင်ချင်တယ်၊ အပိုပစ္စည်း၀ယ်ချင်တယ်ဆိုရင် NCX Member ဖြစ်ထားဖို့လိုမယ်၊ Free Member ဖြစ်ခွင့်ကိုတော့ အခုလက စတယ်၊ နှစ်လအချိန်ပေးထားတယ်” ဟု Honda ၏ မြန်မာပြည် Authorized Distributor ဖြစ်သော NCX Myanmar ကုမ္ပဏီ General Manager & Customer Service Decision ကိုမင်းမင်းအောင်က ပြောကြားသည်။

အောက်တိုဘာလ(ယခုလ)မှစ၍ Honda NCX Myanmar ကုမ္ပဏီ၏ Service Center အားလုံးတွင် NCX Myanmar ကုမ္ပဏီမှ ၀ယ်ယူထားသော Honda ဆိုင်ကယ်များကိုသာ ပြင်ဆင်ပေးတော့မည်ဖြစ်သဖြင့် အခြားကုမ္ပဏီများမှ ၀ယ်ယူထားသော Honda ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် NCX Member ဖြစ်လိုပါက Honda NCX Myanmar Page ရှိ Free Member ဖြစ်ဖို့အခွင့်အရေး Post ကို သူငယ်ချင်းသုံးယောက်အား Tag တွဲ၍ Public ဖြင့် Share ရမည်ဖြစ်ကြောင်း၊ အောက်တိုဘာလနှင့် နို၀င်ဘာလအတွင်း ယင်းသို့ပြုလုပ်သူများသာ NCX Free Member ဖြစ်ခွင့်ရမည်ဖြစ်ပြီး ဒီဇင်ဘာလမှစ၍ Member ၀င်ရောက်ချင်ပါက နှုန်းထားတစ်ခုသတ်မှတ်၍ လက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ ထပ်မံသိရသည်။

“Free Member လျှောက်ထားတဲ့သူတွေကို ဒီဇင်ဘာလဆန်းပိုင်းကျရင် Member Card လှလှလေးတွေ Free ပေးသွားမယ်၊ ဆိုင်ကယ်ပြင်ချင်လို့လာတာ၊ အပိုပစ္စည်းလာ၀ယ်တာနဲ့ အဲဒီ Card လေးယူဆောင်ခဲ့ဖို့လိုမယ်၊ Member ၀င်ထားခြင်းအားဖြင့် Service ပြင်တဲ့အခါပဲဖြစ်ဖြစ်၊ အပိုပစ္စည်း၀ယ်တဲ့အခါပဲဖြစ်ဖြစ် Discount ရရှိမယ့်အခွင့်အရေးတွေ စီစဉ်ပေးထားတယ်” ဟု ယင်းကုမ္ပဏီမှ General Manager & Customer Service Decision ကိုမင်းမင်းအောင်က ထပ်မံဆိုသည်။

အဆိုပါ Member Card ရရှိထားသူသည် NCX ၏ ရာသက်ပန် Member ဖြစ်နေမည့်အပြင် မန္တလေးမြို့အပါအ၀င် မြို့အများအပြားတွင် အင်ဂျင်ဝိုင်အခမဲ့လဲလှယ်ပေးခြင်း၊ Service အခမဲ့ပြုပြင်ပေးခြင်း စသည့် Mobile Service အစီအစဉ်တွင်ပါ သွားရောက်ပြင်ဆင်နိုင်မည့် အခွင့်အရေးရရှိမည် ဖြစ်သည်။ ထို့ပြင် Honda NCX Myanmar ကုမ္ပဏီ၏ Honda Service Center များတွင် လာရောက်ပြင်ဆင်ခြင်းအားဖြင့် Honda Motor (Japan) မှ သတ်မှတ်ထားသော အရည်အသွေးဆိုင်ရာ စစ်ဆေးမှု အဆင့်ဆင့်ဖြင့် ပြင်ဆင်ပေးသွားမည်ဖြစ်ကာ Customer များအနေဖြင့် အန္တရာယ်ကင်းကင်းနှင့် ယုံကြည်စိတ်ချစွာ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here