Honda ဆိုင်ကယ်ပိုင်ရှင်များ NCX ၏ Member လျှောက်ထားခြင်းကို ဒီဇင်ဘာလကုန်အထိ နောက်ဆုံးထား အခမဲ့လျှောက်ထားနိုင်ဟုဆို

91

 

မန္တလေး၊ နိုဝင်ဘာ ၂၈

Honda ဆိုင်ကယ်ပိုင်ရှင်များအားလုံး NCX Myanmar ကုမ္ပဏီ၏ Member ဖြစ်ခွင့်ကို ဒီဇင်ဘာလကုန်အထိ နောက်ဆုံးထား၍ အခမဲ့လျှောက်ထားနိုင်ကြောင်း Honda NCX Myanmar ကုမ္ပဏီမှ သိရသည်။

“Honda ဆိုင်ကယ်စီးနင်းသူတွေအနေနဲ့ NCX Member ဖြစ်ခွင့်အတွက် အခမဲ့လျှောက်ထားနိုင်တဲ့အစီအစဉ်ကို အစက နိုဝင်ဘာကုန်အထိ သတ်မှတ်ထားတာပေါ့နော်၊ ဒါပေမဲ့ အခုလို Covid-19 ကာလမှာ သွားရေးလာရေး အခက်အခဲကြောင့် Member မဝင်ရသေးတဲ့သူတွေရှိရင် အခွင့်အရေးရစေချင်တဲ့အတွက် ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးပေးလိုက်တာပါ” ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Honda မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့် NCX Member ဝင်ထားခြင်းအားဖြင့် မြန်မာနိုင်ငံအနှံ့ NCX Showroom များ၌ Service လာရောက်ပြုပြင်နိုင်ခြင်း၊ အပိုပစ္စည်းဝယ်ယူခွင့်ရရှိခြင်း စသော အခွင့်အရေးများ ရရှိမည်ဖြစ်သည်။

ယခင်က Honda Service Center များတွင် Honda ဆိုင်ကယ်အားလုံးကို ပြင်ဆင်ပေးခဲ့သော်လည်း ယခုအခါ Honda NCX Myanmar ကုမ္ပဏီမှ ဝယ်ယူထားသော Honda ဆိုင်ကယ်များကိုသာ ပြင်ဆင်ပေးတော့မည်ဖြစ်သဖြင့် အခြားကုမ္ပဏီအသီးသီးမှ ဝယ်ယူထားသော Honda ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် NCX Member ဖြစ်လိုပါက Honda NCX Myanmar Page ရှိ Free Member ဖြစ်ဖို့အခွင့်အရေး Post အား သူငယ်ချင်းသုံးယောက်ကို Tag တွဲ၍ Public ဖြင့် Share ကာ အခမဲ့လျှောက်ထားနိုင်ကြောင်း ယင်းကုမ္ပဏီမှ ထပ်မံသိရသည်။

“Free Member လျှောက်ထားတဲ့သူတွေကို Member Card လှလှလေးတွေ Free ပေးသွားမယ်၊ ဆိုင်ကယ်ပြင်ချင်လို့လာတာ၊ အပိုပစ္စည်းလာဝယ်တာနဲ့ အဲဒီ Card လေးယူဆောင်ခဲ့ဖို့ လိုမယ်၊ Member ဝင်ထားခြင်းအားဖြင့် Service ပြင်တဲ့အခါပဲဖြစ်ဖြစ်၊ အပိုပစ္စည်းဝယ်တဲ့အခါပဲဖြစ်ဖြစ် Discount ရရှိမယ့်အခွင့်အရေးတွေ စီစဉ်ပေးထားတယ်” ဟု ယင်းကုမ္ပဏီမှ General Manager & Customer Service Division ကိုမင်းမင်းအောင်က ဆိုသည်။

အဆိုပါ Member Card ရရှိထားသူသည် NCX ၏ ရာသက်ပန် Member ဖြစ်နေမည့်အပြင် မန္တလေးမြို့အပါအဝင် မြို့အများအပြား၌ အင်ဂျင်ဝိုင် အခမဲ့လဲလှယ်ပေးခြင်း၊ Service အခမဲ့ပြုပြင်ပေးခြင်း၊ Mobile Service အစီအစဉ်တွင် သွားရောက်ပြင်ဆင်နိုင်ခြင်း စသည့် အခွင့်အရေးများ ရရှိမည်ဖြစ်သည်။ ထို့ပြင် Honda NCX Myanmar ကုမ္ပဏီ၏ Honda Service Center များတွင် လာရောက်ပြင်ဆင်ခြင်းအားဖြင့် Honda Motor (Japan) မှ သတ်မှတ်ထားသော အရည်အသွေးဆိုင်ရာ စစ်ဆေးမှုအဆင့်ဆင့်နှင့် ပြင်ဆင်ပေးသွားမည်ဖြစ်ကာ Customer များအနေဖြင့် အန္တရာယ်ကင်းကင်းနှင့် ယုံကြည်စိတ်ချစွာ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here