Histroic Moments

1327

 

ကားတစ်စီးရဲ့ရုပ်သွင်ဟာ ကားကိုယ်ထည်ပါပဲ။ အင်ဂျင်တွေ၊ ဖရိမ်တွေ အပါအဝင် ကားအစိတ်အပိုင်းတွေကို လွှမ်းအုပ်ထားတဲ့ ကိုယ်ထည်မရှိဘဲ ကားတစ်စီးဆိုတာ ရုပ်လုံး ပေါ်မလာနိုင်ပါဘူး။ မော်တော်ကားခေတ်ဦး ကားကိုယ်ထည်ထုတ်လုပ်သူတွေဟာ မြင်းလှည်းပုံသဏ္ဌာန်ကားပုံစံကနေ စတင်ပြီး ရာစုနှစ်နဲ့ချီတဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေ ရရှိခဲ့ကြပါတယ်။ ပထမဦးဆုံး ဓာတ်ဆီအင်ဂျင်ကို မတီထွင်ခင် ဟိုးအရင်ကတည်းက လူ တွေရဲ့ သယ်ယူပို့ဆောင်ရေးအတွက် မြင်းလှည်းတွေကို အချိန်တော်တော် ကြာ အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့်လည်း မြင်းလှည်းပုံစံကိုယူပြီး ပထမဆုံး မော်တော်ကားတွေကို ဖန်တီးခဲ့တာဖြစ်လို့ ကနဦးပေါ်ပေါက်ခဲ့ တဲ့ မော်တော်ကားတွေဟာ သစ်သားကိုယ်ထည်တွေနဲ့ ဖြစ်ပါတယ်။ ၁၉၀ဝ ပြည့်နှစ်မတိုင်ခင်က တည်ဆောက်ခဲ့တဲ့ကားတွေမှာ သစ်သားတွေ ကို ရေနွေးငွေ့နဲ့ ဖိအား အသုံးပြုပြီး ရိုးရှင်းတဲ့ ပုံသဏ္ဌာန်တွေအဖြစ်သာ ကွေးညွှတ်ပုံဖော်နိုင်ခဲ့တာကြောင့် ဒီဇိုင်းပိုင်းမှာ အကန့်အသတ်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကားအတော်များများရဲ့ ပုံပန်းသဏ္ဌာန်က ရိုးရှင်းပြီး လေးထောင့်စပ်စပ်ပုံစံတွေသာ ဖြစ်ခဲ့ပါတယ်။

၂၀ ရာစုအစပိုင်းလောက်မှာတော့ ကားပုံစံပြောင်းလဲမှုက စတင် လာခဲ့ပါပြီ။ သံမဏိနဲ့ အလူမီနီယံတွေကို အလွှာအချပ်တွေဖြစ်အောင် ဖန်တီးနိုင်တဲ့ သတ္တုနည်းပညာတွေ ပြောင်းလဲတိုးတက်လာပြီး လိုချင်တဲ့ ပုံစံကို ပုံလောင်းဖန်တီးနိုင်တဲ့အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ ၁၉၁၆ ခုနှစ်မှာတော့ Doodge ဟာ ကားတစ်စီးလုံးကို သံမဏိကိုယ်ထည်နဲ့ ဖန်တီးထုတ်လုပ်နိုင်တဲ့ ပထမဆုံးကားကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ ရာစုသစ်ရဲ့ ပထမ ဆယ်စုနှစ်အတွင်းမှာပဲ တူထု ပုံဖော်ရတဲ့အခြေအနေကနေ ကားကိုယ်ထည်ကို ပုံစံဆွဲပြီး ပုံလောင်းပုံနင်းလို့ရတဲ့ ၁၉၃၀ ပြည့်လွန် နှစ်လယ်ကာလတွေကို ရောက်ရှိလာခဲ့ပါတယ်။ သတ္တုကိုယ်ထည်တွေကို ပိုပြီး တောင့်တင်း၊ ပိုပြီး ကြာရှည်ခံစေမယ့် နည်းသစ်တွေ ပေါ်ပေါက်လာ ပြီး ၁၉၃၀ ပြည့်လွန်နှစ်တွေ ကုန်ဆုံးခါနီးမှာတော့ ကားတစ်စီးလုံးကို သံမဏိကိုယ်ထည်နဲ့ တည်ဆောက်မှုဟာ စံနှုန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သစ်သားကားကိုယ်ထည်တွေဟာ တဖြည်းဖြည်းပျောက်ကွယ်လာ ပြီး ၁၉၅၀ ပြည့်လွန်နှစ်တွေမှာတော့ အမေရိကန်ကားကုမ္ပဏီတွေဟာ သစ်သားကိုယ်ထည်နဲ့ ကားတွေထုတ်လုပ်မှုကို ရပ်ဆိုင်းပစ်လိုက်ပါတော့ တယ်။

အခုခေတ်မှာတော့ ကားကိုယ်ထည်ကို သစ်သားနဲ့ဖန်တီးနေသေးတဲ့ ကားကုမ္ပဏီတစ်ခုသာ ရှိပါတော့တယ်။ အဲဒါကတော့ ဂရိတ်ဗြိတိန်က Morgan Motors ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီထုတ် Aero Eight ကားအမျိုး အစားမှာ အောက်ခံထည်မပါဝင်တဲ့ ကိုယ်ထည်တည်ဆောက်မှုကို သစ်မာ သားတစ်မျိုး အသုံးပြုထားပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here