Mitsubishi ၏ မိုးရာသီအကြို ကားအရောင်းပြပွဲတွင် 2017 Model MIRAGE ကို စတင်ရောင်းချခဲ့ကြောင်း သိရသည်။
ယင်းမိုးရာသီအကြို ကားအရောင်းပြပွဲတွင် မိတ်ဆက်ပြသ၍ ရောင်းချခဲ့သည့် 2017 Model MIRAGE ကို 2016 Model MIRAGE ထက် ပိုမိုဆန်းသစ်သော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ကားအတွင်း ခန်းမှာ ယခင် ၂ဝ၁၆ မိုဒယ်ထက် ကောင်းမွန်သောထိုင်ခုံများ၊ Hands-Free Bluetooth Function များပါဝင်ပြီး ကားဘော်ဒီ ဒီဇိုင်းမှာလည်း အသွင်ဆန်းသစ်သည့် ဘမ်ပါ၊ ရှဲလ်များ တပ်ဆင်ထားသလို အလွိုင်းများလည်း ပြောင်းလဲထားသည့်အပြင် ကားနောက်ပိုင်းတွင် အချက်ပြမီးတစ်စုံပါ ထပ်တိုး တပ်ဆင်ပေးထားကြောင်း သိရ သည်။ 2017 Model MIRAGE မိတ်ဆက်ပွဲကို မြန်မာပလာဇာ၌ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ပြပွဲကာလအတွင်း ဒေါ်လာ ၁၈,၉၉ဝ ဖြင့် စတင်ရောင်းချခဲ့ကြောင်း သိရသည်။