Harley-Davidson ဆိုင်ကယ်များကို အရစ်ကျရောင်းချပေးမည်

1592

မန္တလေး၊မတ်

ကမ္ဘာကျော် အမေရိကန် အမှတ်တံဆိပ်ဖြစ်သည့် Harley-Davidson ဆိုင်ကယ်များကို မြန်မာနိုင်ငံ၏တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Harley-Davidson of Mandalay, Myanmar မှ AGD ဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

”AGD ဘဏ်က ကျွန်မတို့နဲ့ Business Partner ဖြစ်တဲ့အတွက် အရစ်ကျရောင်းချဖို့ကို သူတို့နဲ့ချိတ်ဆက်ထားပါတယ်၊ Harley-Davidson ဆိုင်ကယ်တွေအကုန်လုံး Brand New ဖြစ်တဲ့အတွက် အရစ်ကျစနစ်မှာ ဘာတွေလိုအပ်မယ်ဆိုတာတော့ ဘဏ်နဲ့ဆက်သွယ်ပြီး မေးမြန်းရင် သိနိုင်ပါတယ်၊ အရစ်ကျဝယ်ရင်တော့ ဘယ်နှနှစ်ဆပ်နဲ့ ဝယ်မလဲဆိုတာကို Customer နဲ့ ဘဏ်နဲ့နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ဝယ်ယူရင် အဆင်ပြေနိုင်မှာပါ၊ အရစ်ကျရောင်းချပေးဖို့တစ်ခါတည်း စီစဉ်ပေးပြီးသားပါ”ဟု Harley Davidson of Mandalay, Myanmar မှ Assistant General Manager  မသဥ္စာဝင်းက ပြောသည်။

ယခင်က မြန်မာနိုင်ငံတွင် Harley-Davidson ဆိုင်ကယ်များကို တစ်ပတ်ရစ်များသာ စီးခဲ့ရပြီး ယခု Brand New ဆိုင်ကယ်များကို စီးခွင့်ရမည်ဖြစ်ရာ လက်ငင်းမဝယ်နိုင်သူများ အဆင်ပြေစေရန် ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ထိုသို့ ဝယ်ယူရာတွင်လည်း ကနဦး ၃ဝ ရာခိုင်နှုန်းပေးသွင်း၍ ကျန်ငွေကို AGD ဘဏ်နှင့်ချိတ်ဆက်၍ ညှိနှိုင်းဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် Harley-Davidson ဆိုင်ကယ်များကို လက်ငင်း(သို့)အရစ်ကျဝယ်ယူသူများအားလုံး 3S (Sales , Service , Spare Part) စနစ်ဖြင့် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း Harley Davidson of Mandalay, Myanmar မှ သိရ သည်။

”အခု Showroom မှာရှိတဲ့ Technical Level အလိုက် ဘန် ကောက်က Training School မှာ သင်တန်းတွေ ပို့ချပေးမယ်၊ အခုလည်း Service နဲ့ပတ်သက်ရင် ကျွမ်းကျင်တဲ့ပညာရှင်တွေကိုယ်တိုင် ပြုပြင်ပေးသွားမယ်၊ကျွန် တော်တို့ Showroom မှာက ကျွန်တော်တို့ဆီကဝယ်တဲ့ဆိုင်ကယ်မှ မဟုတ်ပါဘူး၊ပြင်ပက Harley-Davidson ဆိုင်ကယ်တွေပါ ပြုပြင်ပေးသွားမယ်၊အပိုပစ္စည်းက အစ လေကြောင်းနဲ့ သယ်တာဖြစ်တဲ့အတွက် မြန်မြန်ဆန်ဆန်မှာယူပေးနိုင်မယ်၊ အရစ်ကျကတော့ ကနဦး၃ဝရာခိုင်နှုန်းသွင်းပြီး ဝယ်ယူရင်ရပါပြီ”ဟု အဆိုပါ Showroom ပိုင်ရှင် ဦးလင်းကိုကိုတင့် က ဆိုသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်လိုက်သော Harley-Davidson of Mandalay, Myanmar Showroom တွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသော အနည်းဆုံး ငွေကျပ်သိန်း ၁၄ဝ ကျော်အထက် Harley-Davidson Brand New ဆိုင်ကယ်များကို ရောင်းချပေးသွားမည့်အပြင် ဆိုင်ကယ်များအားလုံး 2 Years Warranty ပေးထားကာ ယင်း Showroom သည် Harley-Davidson ၏ ၁,၅ဝ၃  ဆိုင်မြောက် အရောင်းပြခန်း ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ  သိရသည်။

ကျော်ကျော်အောင်(ကလေး)

LEAVE A REPLY

Please enter your comment!
Please enter your name here