Hanteng Myanmar မှ ကားအမျိုးအစားသစ် Hanteng V7 နှင့် Hanteng X5 Max တို့ကို ပြည်တွင်းကားစျေးကွက်အတွင်း စတင်မိတ်ဆက်

240

ရန်ကုန်၊ ဖေဖော်ဝါရီ ၅
Hanteng Myanmar မှ ကားအမျိုးအစားသစ် Hanteng V7 နှင့် Hanteng X5 Max တို့ကို ပြည် တွင်းကားစျေးကွက်အတွင်း စတင် မိတ်ဆက်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

Myanmar Great Motor Co.,Ltd မှ တည်ထောင်ထားသော Hanteng Myanmar သည် Full Size MPV အမျိုးအစား Hanteng V7 နှင့် Full Size SUV အမျိုးအစား Hanteng X5 Max တို့ကို CBU စနစ်ဖြင့် တင်သွင်း ရောင်းချနေပြီး လာမည့်ခြောက်လအတွင်း ပြည်တွင်း၌ SKD စနစ် ဖြင့် တပ်ဆင် ထုတ်လုပ်ရန်အတွက်လည်း ပြင်ဆင်နေသည်။

MPV အမျိုးအစားဖြစ်သည့် Hanteng V7 သည် ခုနစ်ယောက် စီး ကားအမျိုးအစားဖြစ်ပြီး Full Size MPV ဖြစ်သောကြောင့် အတွင်း ခန်းကျယ်ဝန်းကာ ထိုင်ခုံအားလုံး သည်လည်း Size အပြည့် Leather Seat များဖြစ်သည်။ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီ တာဘိုဖြစ်ပြီး မြင်းကောင်ရေ ၁၅၄ ကောင်အား အထိရှိသောကြောင့် ဆီစားသက်သာ၍ အဆွဲအရုန်းကောင်းမွန်သည်။ ထူးခြားချက်အဖြစ် ပုံမှန် Cruise Control အပြင် ရေဒါရှဲလ် ပါသည့်အတွက် Radar Cruise ကို အသုံးပြုကာ ဟိုင်းဝေးလမ်းများတွင် ရှေ့ကား အကွာအဝေးအတိုင်း ထိန်းညှိမောင်းနှင်နိုင်သည်။ ထို့ ပြင် ဒိုင်ခွက် Display ကိုလည်း ဒီဇိုင်း ခြောက်မျိုးအထိ ပြောင်းလဲနိုင်သည်။ ကားအတွင်းခန်းတွင် iPhone Wireless Charger ၊ 360 Degree Camera ၊ 8 Speakers ၊ 12.3 Multi Touch Capabilitive Screen စသည့် အဆင့်မြင့် Function များ ပါဝင်သည်။ Hanteng V7 တွင် Airbag ၁ဝ လုံးအထိပါဝင်ပြီး AEB (Auto-matic Emergency Break System) အပြင် အဆင့်မြင့် လုံခြုံရေးစနစ်များလည်း ပါဝင်သောကြောင့် Safety ပိုင်း၌ စိတ်ချရ သော ကားတစ်စီး ဖြစ်သည်။

SUV အမျိုးအစား Hanteng X5 Max သည်လည်း Full Size SUV အမျိုးအစား ဖြစ်ကာ ခုနစ်ယောက်စီးဖြစ်ပြီး V7 ကဲ့သို့ ၁၅ဝဝ စီစီတာဘိုအင်ဂျင် ရှေ့ဂီယာ ခြောက်ချက်ဖြစ်သည်။ X5 Max တွင် Blindspot Monitoring 360 Camera ၊ 6 Loudspeakers စသည့် Functions များပါဝင်သည်။ Hanteng X5 Max တွင် Airbag ရှစ်လုံး ပါဝင်ပြီး ABS ၊ EBD ၊ BOS ၊ Hydraulic Brake Assist ၊ Electrical Stability Control ၊ Hill-start Assist Control ၊ Snow Mode ၊ Front Rear Parking Sensor စသည့် Safety Function များလည်း ပါဝင်သည်။

Hanteng Myanmar မှ V7 နှင့် X5 Max တို့ကို သုံးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်းပေးထားပြီး V7 ကို ကျပ်သိန်း ၄၅ဝ၊X5 Max ကို ကျပ် ၃၈၅ သိန်း သတ်မှတ်ထားကြောင်း သိရသည်။
ကိုဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here