GWI မှ ဆိုင်ကယ်ပျောက်ဆုံးမှုအတွက် လျော်ကြေးငွေပေးအပ်

93

 

မန္တလေး၊ ဇူလိုင်
မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် အလုံးစုံအာမခံ ပထမဦးဆုံး စတင်ခဲ့သော Global World Insurance (GWI) ကုမ္ပဏီမှ ဆိုင်ကယ် ပျောက်ဆုံးမှုအတွက် လျော်ကြေး ငွေပေးအပ်ပွဲကို ဇူလိုင်လ စတုတ္ထပတ်အတွင်းက မန္တလေးမြို့ ၆၂ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ GWI အာမခံကုမ္ပဏီရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

“အခု လျော်ကြေးငွေပေးအပ်တာတော့ ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က ဆိုင်ကယ်အာမခံထား ရှိသူတစ်ဦးက ၂၈ သိန်းတန် Scoopyi ဆိုင်ကယ်တစ်စီးပျောက်ဆုံးသွားခဲ့တယ်၊ ဒါကြောင့် အာမခံကုမ္ပဏီရဲ့ သတ်မှတ်စည်းမျဉ်းအတိုင်း ခြောက်လ စောင့်ဆိုင်းစေပြီး ပြန်လည်တွေ့ရှိခြင်း မရှိတာကြောင့် သူ့သတ်မှတ်တန်ကြေးအတိုင်း လျော် ကြေးငွေပေးလျော်တာဖြစ်တယ်ပေါ့”ဟု Global World Insurance (GWI) ကုမ္ပဏီ၏ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ်အစီးရေ သန်း ခြောက်ဆယ်ကျော်ရှိသော်လည်း လက်ရှိအချိန် အထိ ဆိုင်ကယ်အာမခံထားရှိမှုမှာ ၃,၅ဝဝ ခန့်သာရှိသေးသည့်အတွက် အာမခံထားရှိသူ အလွန်နည်းပါးနေ သေးသည်ဟု ပြောနိုင်ကြောင်း၊ မော်တော်ဆိုင်ကယ် စီးနင်းသူများ အနေဖြင့် ပျောက်ဆုံးမှု လွယ်ကူစေသည့် မော်တော်ဆိုင်ကယ်ကို အလုံးစုံအာမခံ မဖြစ်မနေထားရှိ သင့်ကြောင်း ယင်းကုမ္ပဏီမှ ထပ်မံ သိရသည်။

“မော်တော်ဆိုင်ကယ်ဆိုတာပျောက်ဆုံးမှု သိပ်လွယ်ကူတယ်၊ ပျောက် လွယ်တယ်ပေါ့၊ ဒါကို အကယ်၍ မတော်တဆ ပျောက်လိုက်ရင် ငွေ ကြေး ဆုံးရှုံးမှုမရှိဘဲ ဆိုင်ကယ် တန်ဖိုးအတိုင်း ပြန်ရအောင် ဆိုင် ကယ်အလုံးစုံအာမခံကို ဆိုင်ကယ် စီးသူတိုင်း ထားရှိသင့်တယ်၊ မဟုတ်ရင် မတော်တဆ ပျောက်သွားတဲ့အခါ ဆိုင်ကယ်ပြန်မရခဲ့ရင် သွားပြီလေ၊အခုလို အာမခံလုပ် ထားတယ်ဆိုရင် ပျောက်ရင်တောင် လျော်ကြေးပြန်ရတယ်”ဟု ဦးစိုး ဝင်းသန့်က ထပ်မံဆိုသည်။

မန္တလေးမြို့တွင် ဆိုင်ကယ် ပျောက်ဆုံးမှုအတွက် လျော်ကြေး ငွေပေးအပ်မှုမှာ ဒုတိယအကြိမ် မြောက်ဖြစ်သည်ဟု GWI ကုမ္ပဏီမှ သိရှိရပြီး မော်တော်ဆိုင်ကယ်အလုံးစုံအာမခံထားရှိသူတိုင်း အာမခံထားရှိစဉ်က သတ်မှတ်တန်ဖိုးအတိုင်း ပေးလျော်ပေးသည့်အတွက် အမှန်တကယ် အာမခံထားရှိရကျိုး နပ်စေကြောင်း လျော်ကြေးငွေရရှိခဲ့ သည့် ဒေါ်ချောမို့မို့ထွန်းက ပြောကြားသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here