Grab Taxi မှ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနရှိ မိဘမဲ့ကလေးများအတွက် အလှူငွေကျပ် သိန်း ၁၅ဝ ကျော် နှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

618

ရန်ကုန်၊ ဇွန်

မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ ၏ ထိပ်တန်းသယ်ယူပို့ဆောင်ရေးစနစ် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Grab မှ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနသို့ ကျောင်းသုံးပစ္စည်းများ အပါအဝင် စုစုပေါင်း အလှူငွေကျပ် ၁၅,၇၅၂,ဝဝဝ(အမေရိကန်ဒေါ်လာ ၁၁,၆၁၆ ခန့်)ကို ပေးအပ်လှူဒါန်းခဲ့သည်။

လှူဒါန်းငွေများတွင် Grab မှ ငွေကျပ် ၆,၇၈ဝ,ဝဝဝ (အမေရိ ကန်ဒေါ်လာ ၅,ဝဝဝ ခန့်) ဖြင့် စတင်မတည်ပေးခဲ့ပြီး Grab ခရီးသည်များက ၈,၉၇၂,ဝဝဝကျပ် (အမေရိကန်ဒေါ်လာ ၆,၆၁၆ ခန့်) ကို ၎င်းတို့၏ Grab Rewards ပွိုင့်များကို Grab မှတစ်ဆင့် ငွေသားအဖြစ် ပြောင်းလဲကာ ပါဝင်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။လှူဒါန်းပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဌာနမှ ဦးစီးလျက်ရှိသော မိဘမဲ့ကလေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာ့ရိုးရာသကြင်္န်ပွဲတော် နှင့် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် Grab မှ ရန်ပုံငွေရှာဖွေပေးသည့် အစီအစဉ်တစ်ခုကို ၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှ ၂ဝ၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့အထိ Grab Application အတွင်းရှိ Grab Rewars Catalogue တွင် ထည့်သွင်းပြုလုပ်ခဲ့ပြီး အဆိုပါ လှူဒါန်းမှုတွင် Grab ခရီးသည်များမှလည်း ၎င်းတို့၏ Grab Rewards ပွိုင့်များ အသုံးပြု၍ ပါဝင်ကုသိုလ်ပြုနိုင်ရန် အသိပေးဖိတ်ခေါ်ခဲ့သည်။ Grab Myanmar ၏ ယာယီ Country Head Alvin Loh မှ ”Grab က မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးက@ တိုးတက်ကောင်းမွန်လာအောင် ကူညီထောက်ပံ့ပေးရုံသာမက မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေရဲ့ နေထိုင်မှုဘဝ တိုးတက်မြင့်မားလာစေဖို့အတွက် ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ အခုလို အချိန်တိုလေးအတွင်းမှာ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနက ကလေးငယ်တွေကို လှူဒါန်းဖို့အတွက် မထင်မှတ်ထားလောက်တဲ့ အလှူငွေတန်ဖိုးရရှိအောင် ပူးပေါင်းပြီး လှူဒါန်းကြတဲ့ Grab ခရီးသည် တွေအတွက်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်”ဟု ပြောကြားခဲ့သည်။

Grab Rewards ပွိုင့်ဆိုသည်မှာ ရန်ကုန်မြို့တွင် ခရီးသည်တစ်ဦးမှ Grab Taxi ငှားရမ်းစီးနင်းလိုက်တိုင်း ရရှိသောပွိုင့်များ ဖြစ်သည်။ ရန်ပုံငွေအစီအစဉ်တွင် Grab အသုံးပြုသူ ခရီးသည်များမှ လိုအပ်နေသူများအတွက် ကူညီထောက်ပံ့လိုသောစိတ်ဖြင့်  တက်ညီလက်ညီ ပါဝင်လှူဒါန်းခဲ့ကြပြီး ရွှေဂုံတိုင် ကလေးပြုစုရေးဌာနတွင် ခိုလှုံလျက်ရှိသော အသက် ၁ဝ နှစ်အောက် မိဘမဲ့ကလေးငယ်ပေါင်း ၉၂ ဦး အတွက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here