Grab မှ အငှားယာဉ် မျှဝေစီးနင်းနိုင်သော Grab Share ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် စတင်မိတ်ဆက်

456

ရန်ကုန်၊ ဇူလိုင် ၃၁
Grab မှ အငှားယာဉ် မျှဝေစီးနင်း နိုင်သော Grab Share ဝန်ဆောင် မှုကို ရန်ကုန်တွင် စတင်မိတ်ဆက် ခဲ့ကြောင်း သိရသည်။
လမ်းကြောင်းတူ ခရီးစဉ်များ အတွက် ခရီးသည်အချင်းချင်း ချိတ်ဆက်ပေးမည့် အငှားယာဉ် ဝန်ဆောင်မှုစနစ်သည် ပုံမှန်ထက် ယာဉ်စီးခ ၂ဝ ရာခိုင်နှုန်းအထိ စရိတ်သက်သာစွာ စီးနင်းနိုင်မည် ဖြစ်သည်။ Grab Share သည် ခရီးသည်များအတွက် စရိတ်သက် သာစေသည့် နည်းလမ်းအသစ် ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှု ပြသ နာ လျော့နည်းသွားစေရန် ရည် ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
‘‘အခုလို မိုးရာသီမှာ ယာဉ် ကြောပိတ်ဆို့မှု အမြဲလိုလို ကြုံတွေ့ နေရပါတယ်၊ ခရီးသွားပြည်သူ ၃ဝ ရာခိုင်နှုန်းကလည်း တစ်ရက်မှာ သုံး နာရီ၊ တစ်နှစ်မှာ ၄၅ ရက်လောက် ယာဉ်ပေါ်မှာ အချိန်တွေ ကုန်နေရ ပါတယ်၊ Grab Share အစီအစဉ် နဲ့ လက်ရှိ Grab Taxi အရေအတွက်ကို အကျိုးရှိစွာ အသုံးချ ပြီး ခရီးသွားပြည်သူတွေအနေနဲ့ မျှ ဝေစီးနင်းနိုင်တဲ့အတွက် ယာဉ်စီးခ ၂ဝ ရာခိုင်နှုန်း သက်သာခွင့်ရမှာ ဖြစ်ပါတယ်၊ ယာဉ်မောင်းတွေအနေ နဲ့လည်း ခရီးစဉ် နှစ်ကြောင်းကို ခရီးလမ်းတစ်ခုပဲ သွားရတဲ့အတွက် အချိန်နဲ့ သုံးစွဲရတဲ့ လောင်စာဆီ ပမာဏ လျော့နည်းသွားပြီး အလုပ် လည်း ပိုပြီးမြောက်မှာဖြစ်ပါတယ်၊ အချိန် သက်သာသွားတဲ့အတွက် လည်း ဝင်ငွေပိုရှာဖွေဖို့ အခွင့်အလမ်း လည်းရရှိမှာ ဖြစ်ပါတယ်’’ဟု Grab Myanmar ၏ Acting Country Manager Mr.Alvin Loh က ပြောသည်။
ခရီးသည်မှ Grab Share ခရီးစဉ်ကို အသုံးပြုလိုပါက Grab App တွင် ဝန်ဆောင်မှုအမျိုးအစား ရွေးချယ်နိုင်ပြီး လမ်းကြောင်းတူ ခရီးသည်တစ်ဦးနှင့် မျှဝေစီးနင်းနိုင် မည် ဖြစ်သည်။ Booking တစ်ခုတွင် ခရီးသည် နှစ်ဦးသာ စီးနင်း နိုင်ပြီး ယာဉ်မောင်းသည် Grab App တွင် ပြသထားသည့်လမ်း ကြောင်းအတိုင်း နေရာအစဉ်လိုက် ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here