Grab မှ မန္တလေးမြို့တွင် သုံးဘီး ဆိုင်ကယ် Taxi များ အပြည့်အဝ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း တရားဝင်မိတ်ဆက်

1167

မန္တလေး၊ သြဂုတ် ၇
ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့ တွင်ပါ ခြေကုပ်ယူလာသည့် ွမဘေ သည် မန္တလေးမြို့တွင် သုံးဘီးဆိုင်ကယ် Taxi များ အပြည့်အဝ စတင် ပြေးဆွဲနေပြီဖြစ်ကြောင်း တရားဝင်မိတ်ဆက်ပွဲ အခမ်းအနား ကို သြဂုတ် ၇ ရက်က မန္တလေးမြို့ လမ်း ၃ဝ၊ ၇၈ လမ်းထောင့်ရှိ ဘူတာကြီးအပေါ်ထပ် Hotel Marvel တွင် ကျင်းပခဲ့ကြောင်း သိရသည်။
‘‘Grab မန္တလေးမြို့မှာ မေ ၁၄ ရက်ကစပြီး စမ်းသပ် ပြေးဆွဲမှုတွေ လုပ်ခဲ့တယ်၊ စမ်းသပ် ပြေးဆွဲချိန်ကနေ ဇူလိုင်လကုန် အထိ သုံးလနီးပါးအတွင်းမှာ မိတ် ဖက်ယာဉ်မောင်းတွေရော စီးနင်း သူပါ ၅ဝ ရာခိုင်နှုန်း တိုးတက် လာတာ တွေ့ရပါတယ်၊ အခုတော့ တရားဝင် စတင်ပြေးဆွဲနေပြီ ဖြစ် သလို သြဂုတ် ၁ ရက်ကနေ ၁၅ ရက်အတွင်း စီးနင်းသူတွေ အ တွက်လည်း ခရီးစဉ်တစ်ခေါက်ကို ကျပ် နှစ်ထောင်နှုန်း စျေးလျှော့ပေး သွားပါမယ်’’ဟု ‘Grab Myanmar’ ၏ Acting Country Manager ဖြစ်သူ Mr.Alvin Loh က ပြောကြားခဲ့သည်။
လက်ရှိတွင် မန္တလေးမြို့၌ Grab သုံးဘီးများကို ငှားရမ်းလိုပါက Grab Application ကို Download ဆွဲယူကာ ငှားရမ်းနိုင်မှာဖြစ်ပြီး မန္တလေးမြို့အတွက် သုံးဘီးနှင့် ဆိုင်ကယ်ဟူ၍ နှစ်မျိုးနှစ်စားခွဲခြား ထားကာ သုံးဘီး ငှားရမ်းလိုပါက သုံးဘီးဟု ရေးသား၍ သွားလိုသည့် နေရာကို မြန်မာ၊ အင်္ဂလိပ် ဘာ သာနှစ်မျိုးဖြင့် ရေးသား ငှားရမ်း နိုင်ကြောင်း၊ Promo Code ကို ရယူအသုံးပြုပါက သြဂုတ် ၁၅ ရက် အတွင်း Promotion ပေးထားသော ကျပ် နှစ်ထောင်ကို ခရီး သည်များမှ အကျိုးခံစားခွင့် ရရှိ မည်ဖြစ်ပြီး တစ်ကီလိုမီတာလှျင် ပျမ်းမျှ ကျပ်သုံးရာနှုန်းဖြင့် ဝန် ဆောင်ခယူဆောင်ကြောင်း Grab Myanmar မှ သိရသည်။
‘‘လောလောဆယ် Promotion နှစ်ထောင်ကျပ် ခံစားခွင့် က ခရီးစဉ် ငါးကြောင်းစာ အသုံး ပြုလို့ရမယ်၊ တစ်ခေါက်ငှားသွား တိုင်း ကျပ်နှစ်ထောင် လျှော့ပေးမယ်၊ ဝန်ဆောင်ခနှုန်းကတော့ ပျမ်းမျှ တစ်ကီလိုမီတာကို ကျပ် သုံးရာ ဆိုပေမဲ့ ခရီးအကွာအဝေးနဲ့ ယာဉ် ကြောကျပ်ချိန်အပေါ် မူတည်ပြီး စျေးအတိုးအလျှော့ ကွာသွားမယ်’’ဟု Grab Myanmar rS Expension Manager ဖြစ်သူ ကိုစိုးထိုက်ထွန်း က ဆိုသည်။
လက်ရှိတွင် မန္တလေးမြို့ရှိ သုံးဘီးဆိုင်ကယ် Taxi ပြေးဆွဲသူ များအနေဖြင့်လည်း Grab Myanmar ဖြင့် လက်တွဲလုပ်ဆောင် လိုပါက ဖိတ်ခေါ်နေပြီး မိတ်ဖက် လုပ်ကိုင်လိုပါက မှတ်ပုံတင်၊ အုံနာ ဘုတ်၊ ဘဏ်အကောင့် အချက်အ လက်များ၊ အိမ်ထောင်စု စာရင်း၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက် ထောက်ခံစာ စသည်တို့ လိုအပ် မည်ဖြစ်ကာ ယာဉ်မောင်းများထံမှ Membership Fees ကောက်ယူ ထားခြင်းမရှိကြောင်း အဆိုပါကုမ္ပဏီ မှ ထပ်မံသိရသည်။
‘‘အရင်တုန်းက ခရီးသည်ကို လမ်းပေါ်မှာပတ်ပြီး ရှာရတယ်၊ ကြာ တော့ ဆီဖိုးပိုကုန်ပြီး ခရီးသည် ပုံမှန် ရ/မရက မသေချာဘူး ဖြစ်လာတယ်၊ Grab နဲ့လက်တွဲပြီး လုပ်ကိုင်လာ တဲ့တစ်လျှောက်မှာတော့ ခရီးသည် လိုက်ရှာစရာ မလိုတဲ့အတွက် တော် တော် အဆင်ပြေလာတယ်’’ဟု Grab သုံးဘီး၏ မိတ်ဖက်ယာဉ် မောင်းတစ်ဦးဖြစ်သူ ဦးသီဟန်စိုးက ပြောဆိုသည်။
Grab သုံးဘီးယာဉ်မောင်း များ၏ ကိုယ်ရေးအချက်အလက် များအပြင် ဓာတ်ပုံများကိုပါ ဖုန်း Application တွင် တစ်ခါတည်း ပြသပေးထား၍ ခရီးသည်များ အတွက် လုံခြုံစိတ်ချစွာသွားလာ နိုင်မည်ဖြစ်ပြီး သုံးဘီးများကို အာမခံ ပေးဆောင်ထားသည့်အ တွက် တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက လည်း ခရီးသည်များအနေဖြင့် လျော်ကြေးရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင် (ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here