GPS တပ်ဆင်ပြီး  အလုံးစုံအာမခံထားရှိသည့်  ကုန်သေတ္တာယာဉ်များကိုသာ  လုပ်ငန်းလိုင်စင်ထုတ်ပေးမည်

724

ရန်ကုန်၊ ဧပြီ

ကုန်သေတ္တာတင်ယာဉ်များကို GPS တပ်ဆင်ပြီး အလုံးစုံအာမခံထားရှိမှသာ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် YRTA မှ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ယာဉ်တန်ချိန် နှစ်တန်နှင့် အထက်ရှိသည့် ကုန်သေတ္တာတင်ယာဉ်များအားလုံး GPS တပ်ဆင်၍ အလုံးစုံအာမခံထားရှိရန်  YRTA မှ ညွှန်ကြားထားပြီး စည်းကမ်းလိုက်နာမှုမရှိသည့် ယာဉ်များကို လုပ်ငန်းလိုင်စင်ထုတ်ပေးမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

”ကုန်သေတ္တာတင်ယာဉ်တွေကို GPS တပ်ဆင်ပြီး အလုံးစုံအာမခံထားခိုင်းတယ် ဆိုတာ  ယာဉ်မတော်တဆဖြစ်ခဲ့ရင် ယာဉ်ပိုင်ရှင်တွေ နစ်နာဆုံးရှုံးမှု မဖြစ်ရ အောင် ဆောင်ရွက်ခိုင်းတာပါ၊ စည်းကမ်း မလိုက်နာဘူးဆိုရင်တော့ လုပ်ငန်းလိုင်စင် မထုတ်ပေးဖို့ သက်ဆိုင်ရာဌာနကိုလည်း ညွှန်ကြား ထားပြီးပါပြီ”ဟု ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်မတော်တဆမှုကြောင့် နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် မော်တော်ယာဉ် အလုံးစုံ အာမခံထားရှိရန် ညွှန်ကြားရခြင်းဖြစ်သကဲ့သို့ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်ပြီး အရှိန်ပြင်းမောင်းနှင် မှုများကိုလည်း ထိန်းချုပ်ရန်အတွက် GPS တပ်ဆင်ရန် ညွှန်ကြားထား ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သေတ္တာတင် ယာဉ်များ ကို ွဏှ တပ်ဆင်ပြီး အလုံးစုံ အာမခံထားရှိရန် ညွှန်ကြားချက်ကို မတ်လက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စတင်အကောင်အထည် ောနေပြီဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

 

LEAVE A REPLY

Please enter your comment!
Please enter your name here