အောက်တိုဘာ ၁၅ ရက်အထိ GPS တပ်ဆင်ထားခြင်းမရှိသည့် YBS ခရီးသည်တင် ယာဉ်များကို ယာဉ်လိုင်းအတွင်း ပြေးဆွဲခွင့် ရပ်ဆိုင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
YBS ခရီးသည်တင် ယာဉ် များအားလုံး အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား၍ GPS တပ် ဆင်ရမည်ဖြစ်ကြောင်း ယာဉ်လိုင်း အသီးသီးကို အကြောင်းကြားထား ပြီး ထိုနေ့အထိ GPS စနစ်တပ် ဆင်ထားခြင်းမရှိသည့် ခရီးသည် တင်ယာဉ်များကို YBS ယာဉ်လိုင်း များတွင် ပြေးဆွဲခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်သူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
” YBS ခရီးသည်တင်ကား တွေကို GPS တပ်ဆင်ဖို့အတွက် အရင်ထဲကညွှန်ကြားခဲ့ပေမဲ့ တကယ့် လက်တွေ့မှာ အကောင်အထည်ဖော်မှု အားနည်းနေတဲ့အတွက် ရက်တွေ ထပ်တိုးပေးထားပါတယ်၊ အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားပြီး YBS ကားတွေအားလုံး GPS တပ်ဆင်ဖို့ ယာဉ်လိုင်းတွေကိုညွှန်ကြားထားပြီး အဲဒီနေ့အထိ တပ်ဆင်မထားဘူးဆိုရင်တော့ YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲခွင့်ကို ရပ်ဆိုင်းမှာပါ”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့’အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ်များ စနစ်တကျပြေးဆွဲရန်အတွက် Bus Operator Team မှ တိုက်ရိုက် ထိန်းချုပ်သွားမည်ဖြစ်ပြီး ယင်းသို့ ထိန်းချုပ်မှုကို ယာဉ်များ၌ တပ်ဆင်ထားသည့် GPS ဖြင့် ချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် YBS ခရီးသည်တင် ယာဉ်များအားလုံး အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား၍ GPS တပ်ဆင်ရန် ñွှန်ကြားထားခြင်း ဖြစ်သည်။ သတ်မှတ်ရက်အထိ GPS တပ်ဆင်ထားခြင်းမရှိသည့် ယာဉ်များကို ခရီးသည်တင်ယာဉ်လိုင်းများအတွင်း ပြေးဆွဲခွင့်ပြုတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။
ခရီးသည်တင်ယာဉ်လိုင်းများတွင် GPS စနစ် တပ်ဆင်ပြီးပါက Bus Operator Team ဖြင့် တိုက်ရိုက် ထိန်းချုပ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး ထိုသို့ထိန်းချုပ်ရန် Bus Operator Team အဆောက် အအုံတစ်ခုကိုလည်း ဆောက်လုပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ကြည်ပြာ