Goldfinger ရုပ်ရှင်ထဲမှ အထူးစက်ပစ္စည်းများထည့်သွင်းထားသော DB5 ကားပုံစံတူကို Aston Martin က အရေအတွက် ၂၈ စီး ကန့်သတ်ထုတ်လုပ်မည်

645

Aston Martin သည် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကား Goldfinger ထဲမှ မင်းသား ရှောင်ကွန်နရီ စီးနင်း အသုံးပြုခဲ့သည့် Grand Tourer ကားအမျိုးအစား DB5 ကို ဇာတ် ကားထုတ်လုပ်သော EON Productions နှင့်ပူးပေါင်း၍ ၂၈ စီး သာ အရေအတွက် ကန့်သတ်ထုတ် လုပ်သွားမည်ဟု သြဂုတ် ၂ဝ ရက် တွင် New Atlas သတင်းဝက်ဘ် ဆိုက်က ရေးသားဖော်ပြခဲ့သည်။
Aston Martin DB5 သည် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကားများထဲတွင် ပထမဆုံး ထည့်သွင်းရိုက်ကူး ခဲ့သော ကားဖြစ်ပြီး Goldfinger အပြင် Thunderball ၊ Golden Eye ၊ Tomorrow Never Dies ၊ Casino Royale ၊ Skyfall နှင့် Spectre တို့တွင်လည်း ပါဝင်ခဲ့သည်။ Goldfinger ဇာတ်ကားထဲမှ DB5 ကားတွင် သူလျှိုလုပ်ငန်း အတွက် အထူးစက်ပစ္စည်းများ ဖြစ် သည့် ကားလိုင်စင်သုံးခု ပြောင်း လဲနိုင်သော နံပါတ်ပြား၊ မီးခိုးဗုံး၊ လမ်းချော်အောင် ဆီဖျန်းပေးသည့် ခလုတ်များပါသော Center Console ၊ ကျည်ကာ နောက်လေကာ မှန်နှင့် စက်သေနတ် နှစ်လက်တို့ အပြင် မောင်းသူဘေးမှ ထိုင်ခုံကို အမိုးပွင့်ပြီး ခုန်ထွက်စေသော ခလုတ်၊ ဘေးဘက်မှ ကားတာယာ ထိုးခွဲစက်၊ ကားတံခါးတွင်တပ်ထား သောကြိုးဖုန်းတို့ ပါဝင်ခဲ့သည်။
အင်္ဂလန် အရှေ့တောင်ပိုင်း Buckinghamshire အရပ်ရှိ Aston Martin စက်ရုံမှ ထုတ်လုပ်မည့် Goldfinger ရုပ်ရှင်ထဲမှ DB5 ကားပုံတူများကို မူလအတိုင်း Silver Birch အရောင်ခြယ်သပြီး Spy Gadget များကိုလည်း တတ် နိုင်သမျှစုံလင်အောင် ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် လုံခြုံရေးအကြောင်း ပြချက်အရ ကားထဲမှ ခုန်ထွက်သော ထိုင်ခုံပါဝင်ရန် မသေချာသလို စက် သေနတ်နှင့် ကားတာယာ ထိုးခွဲ စက်တို့မှာလည်း အမှန်တကယ် အသုံးပြုနိုင်မည်မဟုတ်ဘဲ ဒီဇိုင်းပုံစံ အဖြစ်သာ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ယခု DB5 ကားမှာ လမ်းပေါ်တွင် တရားဝင် မောင်းနှင်နိုင် မည့်ကားများမဟုတ်ကြောင်း သိရ သည်။ Aston Martin သည် ၁၉၆၄ မိုဒယ်ပုံတူ DB5 ကား ၂၈ စီးကို ထုတ်လုပ်ကာ တစ်စီးကို သိမ်းဆည်းထားပြီး တစ်စီးကို EON Productions သို့ ပေးအပ်၍ နောက်တစ်စီးကို ပရဟိတရန်ပုံ ငွေရရန် လေလံတင်ရောင်းမည် ဖြစ်သည်။ ကျန် DB5 ကားများကို ၂ဝ၂ဝ ပြည့်နှစ်တွင် မှာကြားဝယ် ယူများထံ စတင်ပို့ပေးမည်ဖြစ်ကာ တစ်စီးအတွက် အခွန်မဆောင်ရ သေးမီ စျေးနှုန်း အမေရိကန် ဒေါ်လာ သုံးသန်းခွဲ ကျသင့်မည်ဟု သိရသည်။

Ref: NewAtlas

LEAVE A REPLY

Please enter your comment!
Please enter your name here