Gold AYA Motors International Company ၏ ဒုတိယမြောက် မိုဒယ် Jetour X70 မိတ်ဆက်ပွဲ အခမ်းအနား

574

Gold AYA Motors ကနေ မြန်မာနိုင်ငံမှာ SKD စနစ်နဲ့ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှု ဒုတိယခြေလှမ်းဖြစ်တဲ့ Jetour X70 ကို ဒီဇင်ဘာ ၁ ရက်က Inya Lake Hotel မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ Jetour X70 မိတ်ဆက်ပွဲကို Shining Star Group Company ရဲ့ Vice President ဖြစ်သူ Mr.Wang Hailong ၊ Chery Holding Co.,Ltd က Vice Chairman နဲ့ President ဖြစ်သူ Mr.Zhou Biren ၊ Shining Star Group Myanmar ရဲ့ General Manager ဖြစ်သူ Mr.Li Jifeng ၊ Gold AYA Motors International Company ရဲ့ Deputy General Manager Mr.Yan Jun တို့ တက်ရောက်ခဲ့ပါတယ်။ နောက်ပြီး ဒီပွဲကို အထူးဖိတ်ကြားထားတဲ့ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်း၊ ဒုဥက္ကဌ ဦးဇော်ထိုက်အေးနဲ့ ဖိတ်ကြားထားတဲ့ ကားလုပ်ငန်းရှင်တွေ၊ အနုပညာရှင် တွေ၊ အရောင်းကိုယ်စားလှယ်တွေနဲ့ Jetour ကို စိတ်ဝင်စားတဲ့ ကား ဝါသနာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

‘‘မြန်မာနဲ့ တရုတ်ဆိုတာ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေမှာ နက်ရှိုင်း တဲ့ အကျိုးတူပူးပေါင်းမှုတွေ ရှိပါတယ်၊ Gold AYA Motors International Group က Shining Star Group ရဲ့ လက်အောက်ခံဖြစ်ပြီး ၂ဝ၁၇ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၊သုံးဆယ်နဲ့ စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအနေန့ဲ မန္တလေးမြို့၊ မြို့သာစက်မှုဇုန်မှာ နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်တဲ့စက်ရုံ တည်ထောင်ခဲ့ပြီး ပထမဆုံးမိုဒယ်အဖြစ် Changhe Q35 ကို ထုတ်လုပ်ခဲ့ပါတယ်၊ ဒုတိယမိုဒယ်အနေနဲ့ Jetour X70 ကို တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပါတယ်၊ Jetour X70 ကို ကမ္ဘာ့ ကားစျေးကွက်မှာ အကြိမ်ကြိမ် စမ်းသပ်လေ့လာခဲ့ပြီးမှ မြန်မာပြည်စျေး ကွက်ထဲကို ပို့ဆောင်ပေးတာ ဖြစ်ပါတယ်၊Jetour X70 က ဝယ်ယူသုံး စွဲမယ့်သူတွေကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မယ်လို့ ရဲရဲကြီး အာမခံ ပါတယ်’’လို့ ‘Shining Star Group Company ’ ရဲ့ Vice President ဖြစ်သူ Mr.Wang Hailong က Jetour X70 မိတ်ဆက်ပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Jetour X70 Luxury SUV
Jetour X70 ဟာဆိုရင် တရုတ်နိုင်ငံရဲ့ အကြီးဆုံးကားတပ်ဆင်ထုတ်လုပ်တဲ့ ကုမ္ပဏီ ၁ဝ ခုထဲမှာ ပါဝင်တဲ့ Chery Holding ကနေ တပ်ဆင်ထုတ်လုပ်တာဖြစ်ပြီး Luxury Mid-Size SUV အမျိုးအစား ဖြစ်ပါတယ်။ Jetour X70 ဟာ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ Luxury Feature တွေဖြစ်တဲ့ 8″ Touch Screen ၊ Bluetooth ၊ USB ၊ Sunroof တို့အပြင် Dashboard ၊ အတွင်းထိုင်ခုံနဲ့ ထိုင်ခုံလက်တင်တို့ကိုလည်း Leather နဲ့ ဖန်တီးထားပါတယ်။ တခြား Function တွေဖြစ်တဲ့ High Luminance Light Guide Lamp ၊ LED Tail Lamp ၊ Daytime Running Light ၊ Steering Auxiliary Light Trunk Lamp ၊ Height Adjustable Headlights ၊ 18″ Alloy Size တို့လည်း ပါဝင်တဲ့အတွက် Luxury SUV တစ်စီး ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
Jetour X70 က 1.5T Turbocharged Engine ၊ 8AT Gear Box ဖြစ်တဲ့အတွက် အင်ဂျင်ဆွဲအား ကောင်းမွန်သလို ကီလိုတစ်ရာ မောင်းနှင်မယ်ဆိုရင် 8.5 Liter သာ ဆီစားနှုန်းရှိမှာ ဖြစ်ပါတယ်။ ဒီကားကို Glacier White ၊ Beach Gold ၊ Volcano Red ၊ Meteroite Black စတဲ့ အရောင်လေးမျိုးနဲ့ တပ်ဆင် ထုတ်လုပ်မှာဖြစ်ပြီး စျေးနှုန်းကို ကျပ် ၃၅၇ သိန်း သတ်မှတ်ထားပါတယ်။ Jetour X70 က စျေးနှုန်းသင့်တင့် ပြီး ဆွဲဆောင်မှုရှိသလို Grade အပြည့် ပါဝင်တဲ့အတွက်လည်း Inya Lake Hotel မှာ စတင်မိတ်ဆက်တဲ့ ပွဲမတိုင်ခင် Gold AYA Motors ကနေ Demostration Car အနေနဲ့ CarsDB Auto Show 2019 မှာ ပြသခဲ့စဉ်ကတည်းက လာရောက်ကြည့်ရှုသူတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိခ့ဲပါတယ်။

Jetour X70 မိတ်ဆက်ပွဲအခမ်းအနား တက်ရောက်သူများ၏ စကားသံများ

‘Jetour ဟာ နောက်ခံကုမ္ပဏီ Background ကောင်းပြီး စျေးလည်း သင့်တော်တဲ့အတွက် ဝယ်ယူဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။ ငွေအများကြီး မသုံးဘဲ Luxury Mid-Size SUV ကားတစ်စီးကို ပိုင်ဆိုင်ချင်တဲ့သူတွေ အတွက် Jetour X70 ဟာ အသင့်တော်ဆုံး ဖြစ်မှာပါ၊ ကားဒီဇိုင်းနဲ့ အတွင်းဂရိတ်မြင့်တဲ့အတွက် ပေးလိုက်ရ တဲ့စျေးနဲ့တန်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်’’
ကျော်ထက်အောင်(အနုပညာရှင်)

‘‘Jetour က ကားဝယ်ယူ အသုံးပြုမယ့် အလယ် အလတ်တန်းစား မိသားစုတွေအတွက် ရည် ရွယ်ထားတာ ဖြစ်ပါတယ်၊ ဒီကားကို ငါးယောက် စီးနဲ့ ခုနစ်ယောက်စီး ဆိုပြီး ထုတ်လုပ်ထား ပါတယ်၊ ထုတ်လုပ်တဲ့ အရောင်တွေထဲက Beach Gold Colour ကို ပိုကြိုက်ပါတယ်’’
ကိုအရည်ကြို(အရောင်းကိုယ်စားလှယ်)

‘‘Jetour X70 ကို စိတ်ဝင်စားတဲ့အတွက် မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်၊ နောက်ပိုင်းမှာ နည်းပညာတွေ အဆင့်မြင့်လာတဲ့အတွက် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ကလည်း အဆင့်မြင့်နည်းပညာတွေနဲ့ ဝန်ဆောင်မှု ကောင်းတွေပေးဖို့အတွက် အပြိုင်အဆိုင် ကြိုးစား လာကြတာ တေွ့ရပါတယ်’’
ေကျာ်ေကျာ်ဗိုလ်(အနုပညာရှင်)

LEAVE A REPLY

Please enter your comment!
Please enter your name here