Gold AYA Motors မှ SUV ကားအမျိုးအစားသစ် Jetour X70 ကို Pre-Order စနစ်ဖြင့် ရောင်းချ

1466

ရန်ကုန်၊ နိုဝင်ဘာ
Gold AYA Motors မှ SUV ကားအမျိုးအစားသစ် Jetour X70 ကို Pre-Order စနစ်ဖြင့် ရောင်းချ မည်ဖြစ်ကြောင်း သိရသည်။

SUV ကားအမျိုးအစားသစ် Jetour X70 သည် 1498 CC အင်ဂျင်၊ 8-Speed Automatic Transmission ကို အသုံးပြုထားသော ငါးယာက်စီး SUV ဖြစ်သည်။ အပြင်ဘက်တွင် High Luminance Light Guide Lamp ၊ LED Tail Lamp ၊ Daytime Running Light ၊ Steering Auxiliary Light Trunk Lamp ၊ Height Adjustable Headlights ၊ 18″ Alloy Size တို့ဖြင့် ဒီဇိုင်းဖန် တီးထားသည်။ Steering Control အပြင် Cruise Control လည်း ပါဝင် ပြီး အတွင်းခန်းထိုင်ခုံ၊ လက်တင်၊ Dashboard တို့ကို Leather ဖြင့် ဖန်တီးထားသည်။ Multimedia System တွင် 8-inch Touch Screen တပ်ဆင်ထားပြီး Bluetooth ၊ USB တို့ဖြင့် ချိတ်ဆက် ကာ ဖုန်းပြောဆိုခြင်း၊ သီချင်းနား ထောင်ခြင်းတို့ကို လုပ်ဆောင်နိုင် မည် ဖြစ်သည်။ ဒတ်ရှ်ဘုတ်တွင် ခေတ်မီပြီး ဒီဇိုင်းဆန်းသစ်သည့် ဒိုင်ခွက်များကိုလည်း မြင်တွေ့နိုင် မည် ဖြစ်သည်။

စီးနင်းသူ လုံခြုံရေးအတွက် အသက်ကယ်လေအိတ် နှစ်လုံး ပါဝင်ပြီး ABS ၊ EBD ၊ BAS ၊ TCS ၊ ESC ၊ Hill Start Assist Control နှင့် Autohold Function တို့ ပါဝင်သည်။

“Gold AYA Motors ကနေ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ Jetour X70 ကို ရန်ကုန်လိုင်စင် နဲ့ပဲဖြစ်ဖြစ်၊ နယ်လိုင်စင်နဲ့ပဲဖြစ်ဖြစ် စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်၊ ဒီ ကားကို Pre-Order စနစ်နဲ့ ဝယ် ယူနိုင်ပြီး အဖြူ၊ အမည်း နှစ်သက် ရာအရောင် မှာယူနိုင်ပါတယ်’’ဟု Gold AYA Motors မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Gold AYA International Company မှ ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့် Jetour X70 ကို စက်ရုံထုတ် စျေး ကျပ်သိန်း ၃၆ဝ ဖြင့် ရောင်းချ မည်ဖြစ်ပြီး သုံးနှစ်၊ သို့မဟုတ် ကီ လိုမီတာ တစ်သိန်း အာမခံပေး မည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here