Gold AYA Motors မှ BYD F3 နှင့် Changhe Q35 ကား ပထမဦးဆုံးဝယ်ယူသူ ၁ဝ ဦးကို Ebike တစ်စီးစီ လက်ဆောင်ပေးမည်

160

 

ရန်ကုန်၊ ဇူလိုင်
Gold AYA Motors မှ BYD F3 နှင့် Changhe Q35 ကား ပထမဦးဆုံးဝယ်ယူသူ ၁ဝ ဦးကို Ebike တစ်စီးစီ လက်ဆောင်ပေးမည်ဖြစ်ကြောင်း သိရ သည်။

ဇူလိုင် ၁၈ ရက်မှ သြဂုတ် ၁၈ ရက်အတွင်း BYD F3 ၊ သို့မဟုတ် Changhe Q35 တစ်စီးဝယ်ယူပါက ဝယ်ယူသူများထဲမှ ပထ ဦးဆုံး ဝယ်ယူသူ ၁ဝ ဦးကို ကျပ် ခြောက်သိန်းနှစ်သောင်းတန်ဖိုးရှိ Ebike တစ်စီးလက်ဆောင်ပေးမည် ဖြစ်သည်။ BYD F3 သည် 1.5L ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားသော ငါးယောက်စီး Sedan ကား အမျိုးအစားဖြစ်သည်။ Changhe Q35 သည် 1.5L ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားသော ငါးယောက်စီး SUV ကားအမျိုးအစား ဖြစ်သည်။

“လာမယ့် ဇူလိုင် ၂၅ နဲ့ ၂၆ ရက်မှာ Capital Hyper Market မှာ ကားအရောင်းပြပွဲ ပြုလုပ်ဖို့ ရှိပါတယ်၊ ပြပွဲမှာပဲဖြစ်ဖြစ်၊ ပရိုမိုး ရှင်းကာလအတွင်းမှာ ဖြစ်ဖြစ် BYD F3 ၊ ဒါမှမဟုတ် Changhe Q35 တစ်စီး ဝယ်ယူမယ်ဆိုရင် Ebike တစ်စီး လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်၊ ပထမဆုံး ဝယ်ယူသူ ၁ဝ ဦးပဲ ရရှိမှာဖြစ်လို့ အမြန်ဆုံး လာရောက်ဝယ်ယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု Gold AYA Motors မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

Gold AYA Motors မှ BYD F3 ကို ကျပ် ၂၂၂ သိန်း၊ Changhe Q35 ကို ကျပ် ၂၉၈ သိန်း ၈ သောင်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ ခြောက်သောင်း အာမခံပေးမည် ဖြစ်သည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here