Gold AYA Motors မှ ကားအမျိုးအစားသုံးမျိုးကို သီတင်းကျွတ်အထူးပရိုမိုးရှင်း အစီအစဥ်ဖြင့်ရောင်းမည်

110

 

ရန်ကုန်၊ နို၀င်ဘာ ၁

Gold AYA Motors မှ ကားအမျိုးအစားသုံးမျိုးကို သီတင်းကျွတ်အထူးပရိုမိုးရှင်း အစီအစဥ်ဖြင့်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

JETOUR X70 ၊ CHANGHE Q35 နှင့် BYD F3 စသည့် ကားအမျိုးအစားသုံးမျိုးကို သီတင်းကျွတ် အထူးပရိုမိုးရှင်း အစီအစဥ်ဖြင့်ရောင်းချရာတွင် မည်သည့်ကားမိုဒယ်ကိုမဆို မေးမြန်း စုံစမ်းရန် ကြိုတင်ဘိုကင် တင်လိုက်ခြင်းဖြင့် အမှတ်တရ လက်ဆောင်များ ရရှိမည် ဖြစ်သည်။

JETOUR X70 ၊ သို့မဟုတ် CHANGHE Q35 ဝယ်ယူရန် ကားအတွက် စရန်ငွေ ကျပ် ၁၀ သိန်း ပေးချေထားပါက ကျသင့်ငွေစာရင်းတွင် ကျပ်သိန်း နှစ်ဆယ်အဖြစ် သတ်မှတ်ပေးမည်ဖြစ်ပြီး BYD F3 ဝယ်ယူရန်အတွက် စရန်ငွေ ကျပ် ၁၀ သိန်း ပေးချေထားပါက ကျသင့်ငွေ စာရင်းတွင် ကျပ် ၁၇ သိန်းအဖြစ် သတ်မှတ်ပေးမည်ဖြစ်သည်။ ထို့ပြင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၈ ရက်အတွင်း ဝယ်ယူအားပေးသူများကို ကျပ် ၂၆ သိန်း တန်ဖိုးရှိ ရွှေဆွဲပြားများကိုလည်း ကံစမ်းမဲဖောက်ပေးမည်ဖြစ်သည်။

“Gold AYA Motors မှ ကားအမျိုးအစားသုံးမျိုးကို သီတင်း ကျွတ် အထူးပရိုမိုးရှင်း အစီအစဥ်နဲ့ ရောင်းချပေးနေပါတယ်၊ CHANGHE Q35 နဲ့ BYD F3 တစ်စီးစီး၀ယ်ရင်း E-Bike တစ်စီးလက်ဆောင်ပြန်ရမှာဖြစ်ပါတယ်၊ ဒါ့ပြင် ကားအမျိုးအစား သုံးမျိုးစလုံးအတွက် အထူးအစီအစဥ်တွေနဲ့ ရောင်းချပေးမှာပါ” ဟု Gold AYA Motors မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Gold AYA Motors မှ JETOUR X70 (ငါးယောက်စီး)ကို ကျပ် ၃၃၆ သိန်း၊ CHANGHE Q35 ကို ကျပ် ၂၆၇ သိန်းနှင့် BYD F3 ကို ကျပ် ၁၉၇ သိန်းတို့ဖြင့် ရောင်းချမည်ဖြစ်သည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here