Gold AYA Motor မှ SUV ကားအမျိုးအစား Changhe Q35 ကို အထူးလျှော့စျေးဖြင့် ရောင်းချမည်

1421

ရန်ကုန်၊ သြဂုတ်

Gold AYA Motor မှ SUV ကားအမျိုးအစား Changhe Q35 ကို အထူးလျှော့စျေးဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

Changhe Q35 သည် ငါး ယောက်စီး SUV ကားအမျိုးအ 1.5L 4-Speed Automatic အင်ဂျင်နှင့် ဂီယာဘောက်ကို အသုံးပြုထားသည်။ ကားအပြင် ပိုင်းတွင် LED Headlamp ၊ Daytime Running Light ၊ Fog Lamp ၊ Rear Combined Light ၊ 18-inch Alloy Size တို့ တပ်ဆင်ထားသည်။ ကားအတွင်းခန်းတွင် Steering Volume Control အပြင် Cruise Control လည်းပါဝင်ပြီး အတွင်းခန်းထိုင်ခုံ၊ လက်တင်နှင့် ဒတ်ရှ်ဘုတ်တို့ကို Leather ဖြင့် ဖန်တီးထားသည်။ Multimedia System တွင် 8- inch Touch Screen တပ်ဆင် ထားပြီး Bluetooth ၊ USB တို့ ဖြင့် ချိတ်ဆက်ကာ ဖုန်းပြောဆို ခြင်း၊ သီချင်းနားထောင်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။ ဒတ်ရှ် ဘုတ်တွင် ခေတ်မီပြီး ဒီဇိုင်းဆန်း သစ်သည့် ဒိုင်ခွက်များကိုလည်း မြင်တွေ့နိုင်မည် ဖြစ်သည်။

စီးနင်းသူလုံခြုံရေးအတွက် အသက်ကယ်လေအိတ် နှစ်လုံး ပါဝင်ပြီး ABS ၊ EBD ၊ ESP ၊ EBA ၊ Tyre Pressure Monitoring  နှင့် Traction Control System တို့ ပါဝင်သည်။

‘‘Gold AYA Motor ကနေ Changhe Q35 ကို စက်တင်ဘာ လမကုန်ခင် ဝယ်ယူမယ်ဆိုရင် မူရင်းစျေး ကျပ် ၃၂၉ သိန်းကနေ ကျပ်သိန်း သုံးဆယ်ကျော် စျေး လျှော့ ရောင်းချပေးမှာဖြစ်ပါတယ်’’ ဟု Gold AYA International Company မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

Gold AYA International Company မှ ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့် Changhe Q35 ကို စက်ရုံထုတ် စျေး ၃၂၉ သိန်းမှ စက်တင်ဘာ လမကုန်ခင်အထိ အထူးလျှော့စျေး ၂၉၈ သိန်း ၈ သောင်းဖြင့် ရောင်း ချပေးမည်ဖြစ်ပြီး သုံးနှစ်သို့မဟုတ် ကီလိုမီတာ ခြောက်သောင်း အာ မခံပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here