Go Excellent Myanmar မှ Borgward ကားအမျိုးအစား လေးမျိုးကို အထူးအစီအစဉ်များဖြင့် ရောင်းချမည်

126

 

ရန်ကုန်၊ နိုဝင်ဘာ ၂၈

Go Excellent Myanmar မှ Borgward ကားအမျိုးအစား လေးမျိုးကို အထူးအစီအစဉ်များဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

SUV ကားအမျိုးအစားများဖြစ်သည့် Borgward BX5၊ BX7၊ BX7(100 Years)နှင့် BX7TS တို့ကို အထူးအစီအစဉ်များဖြင့် ရောင်းချရာတွင် လက်ငင်းဝယ်ယူသူများပေးဆောင်ရမည့် ဝင်ငွေခွန် ၆ ရာခိုင်နှုန်းအတွက် ကုမ္ပဏီဘက်မှ ဆောင်ပေးမည်ဖြစ်ပြီး ဝင်ငွေခွန်ဆောင်ထားပြီးဖြစ်လျှင်မူ ကုမ္ပဏီဘက်မှ ၆ ရာခိုင်နှုန်းနှင့်ညီမျှသည့်ငွေကို ပြန်ပေးမည်ဖြစ်ကာ One Year Insurance Free လည်း ရရှိမည်ဖြစ်သည်။ ထို့ပြင် BX 7 TS ကားဝယ်ယူခြင်းအတွက် ရွှေ သုံးကျပ်သား လက်ဆောင်၊ BX 7 ကားဝယ်ယူခြင်းအတွက်ရွှေ နှစ်ကျပ်သား လက်ဆောင်၊ BX 7 100th Years ကားဝယ်ယူခြင်းအတွက် ရွှေ နှစ်ကျပ်သား လက်ဆောင်၊ BX 5 ကားဝယ်ယူခြင်းအတွက် ရွှေ တစ်ကျပ်သား လက်ဆောင်များ ရရှိဦးမည် ဖြစ်ကြောင်း သိရသည်။

MAB Bank Installment Plan (Hire Purchase) ဖြင့် အရစ်ကျဝယ်ယူသူများအတွက် ဝယ်ယူသူများပေးဆောင်ရမည့် ဝင်ငွေခွန် ၆ ရာခိုင်နှုန်းကို ကုမ္ပဏီဘက်မှ ဆောင်ပေးမည် ဖြစ်ပြီး ဝင်ငွေခွန် ၆ ရာခိုင်နှုန်းဆောင်ထားပြီးဖြစ်လျှင် ကုမ္ပဏီဘက်မှ ၆ ရာခိုင်နှုန်းနှင့်ညီမျှသည့်ငွေကို ပြန်ပေးမည် ဖြစ်သည်။ ထို့ပြင် One Year Insurance Free ရရှိမည်ဖြစ်ပြီး 10% Down Payment ဖြင့် ငါးနှစ် အရစ်ကျ ငွေချေစနစ်၊ MAB Platinum Credit Card လက်ဆောင်၊ Bank Service Charges Free တို့ ရရှိမည်ဖြစ်သည်။

“Borgward ကားအမျိုးအစားလေးမျိုးကို အထူးအစီအစဉ်တွေနဲ့ ရောင်းချပေးမှာပါ၊ Live Sales ကနေပဲဝယ်ဝယ် ဝယ်ယူထားပြီး ကားလက်ဝယ်အပ်ရန် ကျန်ရှိနေသေးတဲ့ Customer တွေအားလုံး အခု Promotion အစီအစဉ်အတွင်း အကျုံးဝင် ခံစားခွင့်ရရှိမှာပါ၊ နောက်ပြီး Warranty ကာလအတွင်း Customer ကားပြင်ဆင်ဖို့လိုအပ်လို့ Workshop မှာ ထားခဲ့ဖို့လိုအပ်ရင် Company က BORGWARD ကားတစ်စီး အစားထိုး စီစဉ်ပေးထားခြင်း (*T&C apply)၊ မြန်မာနိုင်ငံ ဘယ်နေရာပဲရောက်ရောက် ရောက်တဲ့နေရာအထိ လာရောက်ပြုပြင်ပေးမယ့် Roadside Assistance Special Service (*T&C apply)၊ သုံးနှစ်၊ ဒါမှမဟုတ် ကီလို တစ်သိန်းအတွင်း ကားအင်ဂျင်နဲ့ ပတ်သက်တဲ့ အာမခံ၊ သုံးနှစ်၊ သို့မဟုတ် ကီလို ခြောက်သောင်းအတွင်း လက်ခ အခမဲ့ ကားပြင်နိုင်ခြင်း (Workshop Service) ၊ ကားဝယ်ယူပြီးပါက အင်ဂျင်ဝိုင် သုံးကြိမ် အခမဲ့ လဲလှယ်ခွင့် စတဲ့ ဝန်ဆောင်မှုတွေကို ဘယ်ကားပဲဝယ်ဝယ် ရရှိမှာဖြစ်ပါတယ်” ဟု Go Excellent Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Borgward BX5 သည် 1.4 Turbocharged Direct Injection Engine ၊ Aisin 6-Speed Tiptronic Transmission အသုံးပြုထားသော SUV ကားအမျိုးအစား ဖြစ်သည်။ Borgward BX7 ၊ BX7(100 Years)နှင့် BX7TS တို့သည် 2.0TGDI 6-Speed Automatic Transmission အသုံးပြုထားသော SUVကားအမျိုးအစားများ ဖြစ်သည်။

Go Excellent Myanmar မှ Borgward BX5 ကို ကျပ် ၄၈၈ သိန်း + ဝင်ငွေခွန် ၊ BX7 (7 Seater) ကို ကျပ် ၆၃၈ သိန်း + ဝင်ငွေခွန် ၊ BX7 TS ကို ကျပ်သိန်း ၇၄၀ + ဝင်ငွေခွန်၊ BX7 (100 Years Edition) ကို ကျပ် ၆၁၈ သိန်း + ဝင်ငွေခွန်ဖြင့် ရောင်းချမည် ဖြစ်သည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here