GGI တွင် အာမခံထားရှိသော Yutong Express မီးလောင်ဆုံးရှုံးမှုအတွက် အာမခံလျော်ကြေးပေးအပ်ပွဲပြုလုပ်

929

မေ ၁၇ ရက်တွင် ရန်ကုန်-မန်္တလေး လမ်းမကြီး ၉၇ မိုင် ၅ ဖာလုံတွင် ဝါယာရှော့ခ်ဖြစ်၍ ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းခဲ့သည့် ယာဉ်အမှတ် 4M/6656 (Yutong Express Bus) ဆုံးရှုံးမှုအတွက် ဂရင်းဂါးဒီး ယန်းအာမခံလုပ်ငန်းမှ လျော်ကြေး ငွေပေးအပ်ပွဲကို ဇွန် ၂၃ ရက်တွင် GGI ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အလုံးစုံမော်တော်ယာဉ်အာမခံ လျော်ကြေးကျပ်သိန်း ကိုးရာပေး အပ်ခဲ့ကြောင်း သိရသည်။

မီးလောင်ပျက်စီးခဲ့သည့် Yutong Express သည် မေ ၄ ရက်က ဂရင်းဂါးဒီးယန်း အာမခံလုပ်ငန်းတွင် အလုံးစုံမော်တော်ယာဉ် အာမခံထားရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့သည့်အတွက် ဂရင်းဂါးဒီးယန်း အာမခံလုပ်ငန်းမှ Yutong Express ယာဉ်ပိုင်ရှင် ဦးဘုန်းမြင့်ကျော်ထံ အာမခံလျော်ကြေး ပေးအပ်ခဲ့သည်။ မမျှော်လင့်ဘဲ မော်တော်ယာဉ်ဆုံးရှုံးမှုဖြစ်ခဲ့သော်လည်း အာမခံထား ရှိခဲ့မိသည့်အတွက် စီးပွားရေးဆုံး ရှုံးမှုတစ်ခုမှ ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ယာဉ်ပိုင်ရှင်ဦး ဘုန်းမြင့်ကျော်မှ ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here