General Arr Mahn Thit မှ ၂ဝ၁၉ မိုဒယ် Hyundai H1 School Bus ကို စျေးကွက်အတွင်း စတင်ရောင်းချ

148

ရန်ကုန်၊ အောက်တိုဘာ
General Arr Mahn Thit မှ ၂ဝ၁၉ မိုဒယ် Hyundai H1 School Bus ကို ပြည်တွင်းစျေး ကွက်၌ စတင်ရောင်းချနေပြီဖြစ် ကြောင်း သိရသည်။

Hyundai H1 သည် တောင် ကိုရီးယားနိုင်ငံအခြေစိုက် Hyundai Motor ကုမ္ပဏီမှ ထုတ်လုပ်သည့် Van အမျိုးအစားဖြစ်ပြီး ၁၉၉၇ ခုနှစ်မှစ၍ စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် ကို ၂ဝဝ၇ ခုနှစ်တွင် ထပ်မံထုတ် လုပ်ခဲ့ပြီး ပိုမိုကြီးမားသည့် ကားအရွယ်အစားနှင့် အဆွဲအရုန်း ပို ကောင်းသောအင်ဂျင်ဖြင့် ပြောင်း လဲထုတ်လုပ်ခဲ့သည်။

၂ဝ၁၉ မိုဒယ် Hyundai H1 သည် ၁၂ ယောက်စီး Van အမျိုး အစားဖြစ်ပြီး 2.5 TCI ဒီဇယ် အင်ဂျင်ကို 5 Speed Manual Transmition တပ်ဆင်ထားသည်။ ကားအရှေ့ဘက်တွင် ထင်ရှားစွာ မြင်နိုင်သော Head Lamp တပ် ဆင်ထားပြီး ယာဉ်၏အရှေ့နှင့် အ နောက်ဘက်တွင် အချက်ပြမီးများ တပ်ဆင်ထားကာ နှင်းခွဲမီးများကို လည်း အရှေ့ဘက် ဘမ်ပါအောက် နားတွင် တပ်ဆင်ပေးထားသည်။ ကားအတွင်းခန်းတွင် Round Aircon System ၊ Mp3 ၊ CD Player နှင့်Radio တို့ ပါဝင်သည်။ စီးနင်းသူလုံခြုံရေးအတွက် လေအိတ်နှစ်လုံးနှင့် ABS System တို့ တပ်ဆင်ထားသည်။

“Hyundai H1 ကို ကျောင်း ကားအဖြစ် တင်သွင်းရောင်းချခွင့် ရထားတဲ့အတွက် ရန်ကုန်လိုင်စင် ပဲဖြစ်ဖြစ်၊ နယ်လိုင်စင်နဲ့ပဲဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်၊ ဒီကားကို Hyundai Truck & Bus Showroom မှာ အောက်တိုဘာ ၁ ရက်က စပြီး ဝင်ငွေခွန်မပါ Down Payment ကျပ်သိန်း ၁၄ဝ နဲ့ သုံးနှစ် အရစ်ကျ ဝယ်ယူလို့ရပါတယ်”ဟု Hyundai Truck & Bus မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

၁၂ ယောက်စီး၊ ထိုင်ခုံ ၄ တန်းဖြစ်သည့် Hyundai H1ကို ဝယ်ယူမည်ဆိုပါက Hyundai Truck & Bus Showroom တွင် အမေရိကန်ဒေါ်လာ ၂၇,ဝဝဝ ဖြင့် ဝယ်ယူနိုင်ပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေး ထားကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here