GAC Myanmar မှ MPV အမျိုးအစား GM8 ကားကို ဇူလိုင်လတွင်စတင်ရောင်းချမည်

552

ရန်ကုန်၊ဧပြီ

GAC Myanmar မှ MPV အမျိုးအစား GM8 ကားကို ဇူလိုင်လ၌ ပြည်တွင်းစျေးကွက်အတွင်း မိတ်ဆက်ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အင်ဂျင်ပါဝါ ၁၉၉၁ စီစီ ရှိပြီး 6 Speed Auto Gear E-Turbo/GCCS/DCBBD ၊ Emission Standard Euro V အဆင့်ရှိသည့် အင်ဂျင်အမျိုးအစား တပ်ဆင်ထားသည်။ ကားအတွင်းခန်းတွင် Speaker  ၈ လုံးပါဝင်ပြီး ၁ဝ လက်မ Touch Screen Display ၊ Bluetooth Hands-Free System ၊Wireless Phone Charging  စသည့် Feature များပါဝင်သည်။

”GM8 GT Premium Edition ကားအမျိုးအစားအသစ်အတွက် Pre-Order လက်ခံပေးနေပါပြီ၊ ဇူလိုင်လထဲမှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်၊ ဒီကား ရဲ့တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ၇ဝဝဝဝ ဝန်းကျင်ဖြစ်ပါတယ်”ဟု GAC Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

LED Headlight ၊ LED Daytime Running Lights ၊ Fog Lights ( Front & Rear ) များတပ်ဆင်ပေးထားပြီး အဆင့်မြင့် Feature များအဖြစ် Tyre Pressure Monitoring System ( TPMS ) ၊ Power Adjustable Side Mirrors ၊ Privacy Glass ၊ Panoramic Sunroof ၊ G-Way Adjustable Driver’s Power Seat ၊ Front Side and Curtain Airbags ၊ Interior Ambient Lighting( 32-Colour Adjustable ) ၊ 4-Ways Adjustable Front Passenger’s Power Seat ၊ Second Raw Headrest W ၊ Massage Function ၊ Second Raw Captain’s Chairs ၊ Air Quality Control System များပါဝင်ကြောင်း သိရသည်။

GAC Myanmar မှ GM8 ကို ထုတ်လုပ်သူအာမခံ ၅ နှစ်(သို့) ကီလိုမီတာ တစ်သိန်း၊ Free Maintenance ၃ နှစ် သို့မဟုတ် ကီလိုမီတာ ၆ သောင်း အာမခံပေးပြီး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဆန်းသစ်အောင်

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here