GAC Motor Myanmar မှ GS8 ကားသစ်ကို Drive Away Promotion အစီအစဉ်ဖြင့် ရောင်းမည်

309

 

ရန်ကုန်၊ သြဂုတ်
GAC Motor Myanmar မှ ခုနစ်ယောက်စီး၊ ခုံသုံးတန်း၊ Full-Size SUV ကားအမျိုးအစား GS8 ကားသစ်ကို Drive Away Promotion အစီအစဉ်ဖြင့် ရောင်းချမည်ဖြစ် ကြောင်း သိရသည်။

GS8 ကားကို 2.0L Turbo-charged ဓာတ်ဆီအင်ဂျင် အသုံးပြုထားပြီး Japanese Aisin Company ၏ နည်းပညာကို အသုံးပြုထားသည့် 6-Speed Auto Transmission ဖြစ်ကာ Sundy ၊ Muddy ၊ Snowy ၊ Intelligent Auto ၊ Sport နှင့် Eco Mode စသည့် ပုံစံခြောက်မျိုး ပြောင်းလဲအသုံးပြု နိုင်သည်။ လမ်းအနေအထားအပေါ် မူတည်ပြီး လိုအပ်သလို 2WD ၊ 4WD ချိန်ညှိ ပြောင်းလဲနိုင်သည်။

“Drive Away Promotion မှာ GS8 4WD နဲ့ 2WD ကို မူရင်းစျေးထက် အမေရိကန်ဒေါ်လာ လေးထောင်စျေးလျှော့ပေးထားပါ တယ်၊ အရစ်ကျဝယ်ယူသူတွေအနေနဲ့လည်း ဘဏ်နဲ့ပတ်သက်တဲ့ Charges တိုင်းကို ဝယ်ယူသူအနေနဲ့ ပေးဆောင်စရာမလိုဘဲ ကားတန်ဖိုး ရဲ့ ၂ဝ ရာခိုင်နှုန်း ကနဦးငွေ ပေးသွင်းပြီး သုံးနှစ်ကနေ ငါးနှစ်အထိ အရစ်ကျဝယ်ယူနိုင်မှာဖြစ်ပါတယ်” ဟု GAC Motor Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

GAC Motor Myanmar မှ GS8 ကို ပရိုမိုးရှင်းကာလအတွင်း ဝယ်ယူမည်ဆိုပါက GS8 4WD ကို အမေရိကန်ဒေါ်လာ ၆၆,၈၈၈၊ GS8 2WD ကို အမေရိကန်ဒေါ်လာ ၆၂,၈၈၈ ဖြင့် ဝယ်ယူနိုင်ပြီး ထုတ်လုပ်သူ အာမခံအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်းခွဲ အပြင် Free Maintenance 3 Years ၊ သို့မဟုတ် Kilo 60,000 ပေးထားကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here