Gac Motor Myanmar မှ GAC GN6 GB ကို ပြည်တွင်းစျေးကွက်တွင် စတင်မိတ်ဆက်ရောင်းချ

253

 

ရန်ကုန်၊ နိုဝင်ဘာ ၅

Gac Motor Myanmar မှ GAC GN6 GB ကို ပြည်တွင်းစျေးကွက်တွင် စတင်မိတ်ဆက် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

GAC GN6 ကားသစ်သည် ခုနစ်ယောက်စီး MVP ကားအမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါ 1.5 L Turbocharged ဓာတ်ဆီအင်ဂျင်တပ်ဆင် အသုံးပြုထားသည်။ မြင်းကောင်ရေအား 150 bhp နှင့် တွန်းအား 235 Nm ရှိသည့်အတွက်​ အင်ဂျင်ဆွဲအား ရုန်းအားကောင်းပြီး မြို့တွင်း၊ မြို့ပြင်မောင်းနှင်ရာတွင် ဆီစားနှုန်းသက်သာသည့်ကားဖြစ်သည်။
ကားအတွင်းပိုင်းတွင် ထိုင်ခုံ သုံးတန်းဖြင့် ခုနစ်ယောက်စီး MPV ကားအမျိုးအစား​ ဖြစ်သည့်အတွက်မိသားစုလိုက် သက်​သောင့်သက်သာ စီးနင်းနိုင်ပြီး ကြံ့ခိုင်သော ကိုယ်ထည်နှင့် ခေတ်ရှေ့ပြေးဒီဇိုင်းတို့ဖြင့် ပေါင်းစပ်ဖန်တီးထားသည်။ လည်သာထိုင်ခုံများ၊
လေ၀င်လေထွက် ကောင်းမွန်စေသည့် ပတ်ပတ်လည်အဲကွန်းများ ပါ၀င်ပြီး လိုအပ်ပါက နောက်ထိုင်ခုံတန်းကို ၆၀: ၄၀ အချိုးအထိ ခေါက်သိမ်းနိုင်ကြောင်း သိရသည်။

GAC Motor Myanmar မှ GAC GN6 GB ကို ဝယ်ယူမည်ဆိုပါက အမေရိကန်ဒေါ်လာ ၂၉,၈၈၈ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး
အရစ်ကျ၀ယ်ယူသည့် Customer များအတွက် ကားတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ သို့မဟုတ် ၅၀ ရာခိုင်နှုန်း ကနဦးပေးသွင်းကာ သုံးနှစ်မှ ငါးနှစ်အထိ ဘဏ်အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ကြောင်းသိရသည်။

ထိုကားအတွက် အာမခံအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ ၁၅၀,၀၀၀ အပြင် Free Maintenance Service အနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ ​ခြောက်​သောင်းအာမခံပေးထားကြောင်း သိရသည်။

ရဲထွန်း​ကျော်
ဓါတ်ပုံ-GAC Myanmar Motor FB page

LEAVE A REPLY

Please enter your comment!
Please enter your name here