GAC Motor Myanmar မှ GAC GA4 GB ကို Pre-order စနစ်ဖြင့် စတင် ဝယ်ယူနိုင်ပြီဖြစ်

68

 

ရန်ကုန်၊ နိုဝင်ဘာ ၂၀

GAC Motor Myanmar မှ GAC GA4 GB ကို Pre-order စနစ်ဖြင့် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယခုလအတွင်း GAC GA4 GB ကိုဝယ်ယူမည်ဆိုပါက အထူး​လျော့စျေးနှင့် ကား​အစီးရေ ​အကန့်အသတ်​ဖြင့် ရောင်းချသွားမည်ဖြစ်​ကြောင်း သိရသည်။

GAC Motor Myanmar မှ GA4 GB သည် အင်ဂျင်ပါဝါ 1.3 Turbo အင်ဂျင်တပ်ဆင်ထားပြီး အင်ဂျင်ဆွဲအား အမြင့်ဆုံး ပံ့ပိုးပေးနိုင်သည့် မြင်းကောင်ရေ 138 hp နှင့်တွန်းအား 202 Nm တို့ဖြင့် တွဲဖက်တပ်ဆင်ထားသည်။ ဂီယာ ​ခြောက်ချက်ရှိပြီး Auto/Manual စိတ်ကြိုက် ပြောင်းလဲမောင်းနှင်နိုင်သည့် Sport Mode ၊ Eco Mode တို့ ပါ၀င်သည်။ ကားအတွင်းပိုင်းတွင် ကျယ်၀န်းသည့်မြင်ကွင်း၊ Dashboard တည်ဆောက်ပုံ၊ Premium ဆန်သည့်ဒီဇိုင်းပုံစံနှင့် Speaker ​ခြောက်လုံး ပါဝင်သည်။

“GA4 GB ကို ဝယ်ယူမယ်ဆိုရင် Pre-order စနစ်နဲ့ ရောင်းချပေး​နေပြီဖြစ်ပါတယ်၊ ပရိုမိုးရှင်းကာလမှာ ၀ယ်ယူမယ့် Customer ​တွေကို မူရင်းစျေး အမေရိကန်ဒေါ်လာ ၂၆,၈၈၈ က​နေ ၂၀,၅၀၀ အထိ စျေး​လျှော့ပြီး အစီးရေ အကန့်သတ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်၊
အရစ်ကျ ၀ယ်ယူလိုတဲ့ Customer ​တွေအတွက်လည်း ကနဦးပေးသွင်းငွေ ၂၅ ရာခိုင်နှုန်း ပေးသွင်းပြီး သုံးနှစ်က​နေ ငါးနှစ်အထိ ဘဏ်နဲ့ချိတ်ဆက် ၀ယ်ယူနိုင်ပါတယ်” ဟု GAC Motor Myanmar မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

GAC Motor Myanmar မှ GAC GA4 GB ကို အရောင်လေးမျိုးဖြင့်ရရှိနိုင်ပြီး အမေရိကန်ဒေါ်လာ ၂၆,၈၈၈ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ ထိုကားအတွက်အာမခံအနေဖြင့် ထုတ်လုပ်သူအာမခံ ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ ၁၅၀,၀၀၀ နှင့် Free Maintenance Service အနေဖြင့်လည်း ကီလိုမီတာ ​ခြောက်​သောင်း၊ သို့မဟုတ် သုံးနှစ်တာ ပစ္စည်းဖိုးလက်ခမဲ့ ပြုပြင်ထိန်းသိန်းခွင့်ပါ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here