GAC Motor Myanmar မှ GAC Brand New ကားသစ်များကို Year-End Promotion အစီအစဉ်ဖြင့် ရောင်းချမည်

150

 

ရန်ကုန်၊ အောက်တိုဘာ ၂၀

GAC Motor Myanmar မှ GAC Brand New ကားသစ်များကို Year-End Promotion တွင် Discount အမေရိကန်ဒေါ်လာ နှစ်ထောင်မှ ရှစ်ထောင်အထိ သက်သာစေမည့်အစီအစဉ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Year End Promotion အစီအစဉ်တွင် GAC ကားများဖြစ်သည့် GS3 ၊ GS4 ၊ GS5 ၊ GS7 ၊ GS8 ၊ GN6 ၊ GN8 ၊ GA4 ကားများကို အောက်တိုဘာလကုန်အထိ အထူး Promotion အစီအစဉ်များဖြင့်ရောင်းချမည်ဖြစ်သည်။

“GAC ကားသစ်တွေကိုဝယ်ယူတဲ့ Customer တွေအတွက် ကားအမျိုးအစားအလိုက် အမေရိကန်ဒေါ်လာ နှစ်ထောင်ကနေ ရှစ်ထောင်အထိ Discount ရယူနိုင်ခြင်း၊ ဘဏ်အရစ်ကျဝယ်ယူမယ့် Customer တွေအတွက် ကားတန်ဖိုးရဲ့ကနဦးပေးသွင်းငွေအပေါ် ၁၀ ရာခိုင်နှုန်း အထူး(အထူး) သက်သာခြင်းနဲ့ အနည်းဆုံးကနဦးသွင်းငွေ ၁၅ ရာခိုင်နှုန်းမှ စတင်ပေးသွင်းနိုင်ခြင်း၊ လစဉ်သွင်းငွေ သုံးနှစ်ကနေ ငါးနှစ်အထိ အရစ်ကျဝယ်ယူနိုင်ခြင်း၊ ဘဏ်အတိုးနှုန်း အထူးသက်သာခြင်း၊ ဘဏ်ကိုပေးသွင်းရမယ့် Monthly Payment ပထမဆုံး သုံးလစာ လုံး၀ ပေးသွင်းစရာမလိုခြင်း၊ အရစ်ကျဝယ်ယူမှုအတွက် ဘဏ်ကို ပေးဆောင်ရမယ့် ဘဏ်နဲ့ သက်ဆိုင်တဲ့ဝန်ဆောင်ခတွေပေးဆောင်စရာမလိုခြင်း၊ ကညနခွန် ပေးဆောင်စရာမလိုခြင်း၊ တစ်နှစ်စာ ကား Insurance အခမဲ့ရရှိနိုင်ခြင်း၊ တစ်နှစ်စာ ၂၄ နာရီ အရေးပေါ်ယာဉ်လမ်းခရီးဝန်ဆောင်မှု စသည့် အထူးအခွင့်အရေးတွေနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်”ဟု GAC Motor Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

GAC Motor Myanmarမှ GAC ကားများ ဝယ်ယူမည်ဆိုပါက ကားအားလုံးအတွက် ဝင်ငွေခွန်မပါ GS5 ကို အမေရိကန်ဒေါ်လာ ၄၈,၈၈၈ ဒေါ်လာ၊GS3 ကို အမေရိကန်ဒေါ်လာ ၃၅,၈၈၈ ဒေါ်လာ၊ GS4 ကို အမေရိကန်ဒေါ်လာ ၄၃,၈၈၈ ဒေါ်လာ၊ GS7 ကို အမေရိကန်ဒေါ်လာ ၅၁,၈၈၈ ဒေါ်လာ၊ GS8 4WD ကို အမေရိကန်ဒေါ်လာ ၆၆,၈၈၈ ဒေါ်လာ၊ GS8 2 WD ကို အမေရိကန်ဒေါ်လာ ၆၂,၈၈၈ ဒေါ်လာ၊ GN6 ကို အမေရိကန်ဒေါ်လာ ၄၃,၈၈၈ ဒေါ်လာ၊ GN8 ကို အမေရိကန်ဒေါ်လာ ၆၉,၈၈၈ ဒေါ်လာ၊ GA4 ကို အမေရိကန်ဒေါ်လာ ၂၆,၈၈၈ ဒေါ်လာ တို့ဖြင့်ရောင်းချပေးနေပြီး ထိုကားများအတွက် အာမခံအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ ၁၅၀,၀၀၀ နှင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ ခြောက်သောင်း ပစ္စည်းဖိုး လက်ခ အခမဲ့ထိန်းသိမ်းပြုပြင်ရေး ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။

ရဲထွန်းကျော်
ဓာတ်ပုံ-GAC Motor Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here