GAC Motor Myanmar မှ GAC Brand New ကားသစ်များကို ဒေါ်လာ နှစ်ထောင်မှ ရှစ်ထောင်အထိ သက်သာမည့် Year-End Promotion အစီအစဉ်ဖြင့် ရောင်းချမည်

135

 

ရန်ကုန်၊ နိုဝင်ဘာ ၂၈

GAC Motor Myanmar မှ GAC Brand New ကားသစ်များကို Year-End Promotion တွင် Discount အမေရိကန်ဒေါ်လာ နှစ်ထောင်မှ ရှစ်ထောင်အထိ သက်သာစေမည့်အစီအစဉ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Year End Promotion အစီအစဉ်တွင် GAC ကားများဖြစ်သည့် GS3 ၊ GS4 ၊ GS5 ၊ GS7 ၊ GS8 ၊ GN6 ၊ GN8 ၊ GA4 ကားများကို နိုဝင်ဘာလကုန်အထိ အထူး Promotion အစီအစဉ်များဖြင့် ရောင်းချမည်ဖြစ်သည်။ ထို့ပြင် GAC Motor Myammar ၏ တန်ဆောင်တိုင် Live Sales အစီအစဉ်ကို နိုဝင်ဘာ၂၈ ရက်(ယနေ့) နေ့လယ် ၂ နာရီတွင် ခိုင်သင်းကြည်နှင့် Teresa Khine တို့မှ လူကြိုက်အများဆုံးကားများဖြစ်သည့် GS3 ၊ GS4 ၊ GS8 နှင့် GN8 တို့ကို အထူးသက်သာမည့်ဈေးနှုန်းဖြင့် GAC Motor Myanmar Page နှင့် Khine Thin Kyi Facebook Page များတွင် Live လွှင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“GAC ကားသစ်တွေကိုဝယ်ယူတဲ့ Customerတွေအတွက် ကားအမျိုးအစားအလိုက် အမေရိကန်ဒေါ်လာ နှစ်ထောင်ကနေ ရှစ်ထောင်အထိ Discount ၊ ဘဏ်အရစ်ကျဝယ်ယူမယ့် Customer တွေအတွက် ကားတန်ဖိုးရဲ့ကနဦးပေးသွင်းငွေအပေါ် ၁၀ ရာခိုင်နှုန်း အထူး သက်သာတာနဲ့ အနည်းဆုံး ကနဦးသွင်းငွေ ၁၅ ရာခိုင်နှုန်းမှ စတင်ပေးသွင်းနိုင်တာ၊ လစဉ်သွင်းငွေ သုံးနှစ်ကနေ ငါးနှစ်အထိ အရစ်ကျဝယ်ယူနိုင်တာ၊ ဘဏ်အတိုးနှုန်း အထူးသက်သာတာ၊ ဘဏ်ကိုပေးသွင်းရမယ့် Monthly Payment ပထမဆုံး သုံးလစာ လုံး၀ ပေးသွင်းစရာမလိုတာ၊ အရစ်ကျဝယ်ယူမှုအတွက် ဘဏ်ကိုပေးဆောင်ရမယ့် ဘဏ်နဲ့သက်ဆိုင်တဲ့ ဝန်ဆောင်ခတွေ ပေးဆောင်စရာမလိုတာ၊ ကညနခွန်ပေးဆောင်စရာမလိုတာအပြင် တစ်နှစ်စာ ကား Insurance အခမဲ့ရရှိနိုင်တာနဲ့အတူ တစ်နှစ်စာ ၂၄ နာရီ အရေးပေါ်ယာဉ်လမ်းခရီးဝန်ဆောင်မှု စတဲ့ အထူးအခွင့်အရေးတွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်၊ ဒါ့ပြင် GAC Tazaungdaing Promotion Live Sales ကို ကြည့်ရှုမယ့်ပရိသတ်တွေအတွက် GAC ကနေ ပျော်ရွှင်စရာအစီအစဉ်တွေနဲ့ လက်ဆောင်တွေ ပေးသွားမှာဖြစ်ပါတယ်”ဟု GAC Motor Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

GAC Motor Myanmar မှ GAC ကားများ ဝယ်ယူမည်ဆိုပါက ကားအားလုံးအတွက် ဝင်ငွေခွန်မပါ GS5 ကို အမေရိကန်ဒေါ်လာ ၄၈,၈၈၈၊GS3 ကို အမေရိကန်ဒေါ်လာ ၃၅,၈၈၈၊ GS4 ကို အမေရိကန်ဒေါ်လာ ၄၃,၈၈၈၊ GS7 ကို အမေရိကန်ဒေါ်လာ ၅၁,၈၈၈၊ GS8 4WD ကို အမေရိကန်ဒေါ်လာ ၆၆,၈၈၈၊ GS8 2 WD ကို အမေရိကန်ဒေါ်လာ ၆၂,၈၈၈၊ GN6 ကို အမေရိကန်ဒေါ်လာ ၄၃,၈၈၈၊ GN8 ကို အမေရိကန်ဒေါ်လာ ၆၉,၈၈၈၊ GA4 ကို အမေရိကန်ဒေါ်လာ ၂၆,၈၈၈ ဖြင့် ရောင်းချပေးနေပြီး ထိုကားများအတွက် အာမခံအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ ၁၅၀,၀၀၀ နှင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ ခြောက်သောင်း ပစ္စည်းဖိုး လက်ခ အခမဲ့ထိန်းသိမ်းပြုပြင်ရေး ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here