GAC Motor မှ  တရုတ်နှစ်သစ်ကူး အထူးအစီအစဉ်အဖြစ် ဝယ်ယူမည့်ကားတိုင်းကို ကျပ် ၈၈ သိန်း အံပေါင်း ပြန်လည်ပေးမည်

911

ရန်ကုန်၊ ဇန်နဝါရီ

GAC Motor မှ တရုတ်နှစ်သစ်ကူး အထူးအစီအစဉ်အဖြစ် ဝယ်ယူမည့်ကားတိုင်းကို ကျပ် ၈၈ သိန်း အံပေါင်း ပြန်လည်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

တရုတ်နှစ်သစ်ကူး အထူးအစီအစဉ်အဖြစ် GAC Motor မှ မည်သည့် ကားမိုဒယ် ဝယ်ယူသူကိုမဆို မဲနှိုက်ကံစမ်းစရာမလိုဘဲ မြန်မာငွေကျပ် ၈၈ သိန်းအား အံပေါင်း(Hong Bao) ပြန်လည်ပေးအပ်သွားမည် ဖြစ်သည်။ တရုတ်နှစ်သစ်ကူး အထူးရောင်းချမည့် အစီအစဉ်ကို လာမည့် ဖေဖော်ဝါရီ ၁၆ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။

 

GAC Motor သည် GS8 4WD ကို အမေရိကန်ဒေါ်လာ ၆၆,၈၈၈၊ GS8 2WD ကို အမေရိကန်ဒေါ်လာ ၆၂,၈၈၈၊ GS5 ကို အမေရိကန်ဒေါ်လာ ၅၃,၈၈၈၊ GS4 ကို အမေရိကန်ဒေါ်လာ ၄၃,၈၈၈၊ GA6 ကို အမေရိကန်ဒေါ်လာ ၄၂,၈၈၈ နှင့် GA8 ကို ၆၆,၈၈၈ တို့ဖြင့် ရောင်းချပေးနေပြီး တရုတ်နှစ်သစ်ကူး အထူးအစီအစဉ်ကာလအတွင်း ဝယ်ယူပါက ကျပ် ၈၈ သိန်း ပြန်လည်ပေးအပ်မည် ဖြစ်သည်။

 

GAC ကားများကို အာမခံ ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း၊ Free Maintenance Service သုံးနှစ်၊ ဒါမှမဟုတ် ကီလိုမီတာခြောက်သောင်းဝန်ဆောင်မှုများဖြင့် ရောင်းချပေးနေသည်။ GAC ကားများကို ဝယ်ယူရာတွင် လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူနိုင်သလို သုံးနှစ်အထိ ပေးချေနိုင်သည့် အရစ်ကျစနစ်ဖြင့်လည်း  ဝယ်ယူနိုင်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here