GAC GS5 ကားသစ်ကို Monsoon Promotion အစီအစဉ်ဖြင့် ရောင်းချ

269

 

ရန်ကုန်၊ ဇွန် ၁၅
GAC Motor မှ GS5 ကားသစ်ကို Monsoon Season Promotion အစီအစဉ်ဖြင့် ဇွန်လကုန်အထိရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

GS5 သည် ခံ့ညားထည်ဝါပြီး ဆန်းသစ်လှပသော ဒီဇိုင်း၊ အင်ဂျင်ပါဝါမှာ 1.5 L Turbo-charged ဓာတ်ဆီအင်ဂျင် တပ်ဆင် အသုံးပြုထားကာ မြင်းကောင်ရေအား 150 bhp နှင့် တွန်းအား 235 Nm ရှိသောကြောင့် အင်ဂျင်ဆွဲအားရုန်းအားကောင်းပြီး မြို့တွင်း/ပြင် မောင်းနှင်မှုတွင်လည်း ဆီစားနှုန်းသက်သာသောကား ဖြစ်သည်။ ဂီယာ ပိုင်းတွင် Japan Aisin Company ၏ နည်းပညာကို အသုံးပြုထားကာ 6-Speed Auto Tranmission ဖြစ်ပြီး Sundy ၊ Muddy ၊ Snowy ၊ Intelligent Auto ၊ Sports နှင့် Eco Mode စသော မောင်းနှင်မှုပုံစံ ခြောက်မျိုးဖြင့် မိမိနှစ်သက်သည့်အတိုင်း ပြောင်းလဲမောင်းနှင်နိုင်သည်။

“Monsoon Promotion အစီအစဉ်နဲ့ GS5 ကားကို ဝယ်ယူ မယ်ဆိုရင် ကားတန်ဖိုးထဲက အမေရိကန်ဒေါ်လာ ငါးထောင် သက်သာ နိုင်မယ့် အခွင့်အရေး၊Down Payment ၂ဝ ရာခိုင်နှုန်းပေးသွင်းပြီး ငါးနှစ်အရစ်ကျ ဝယ်ယူနိုင်မည့်အပြင် ဘဏ်ကိုပေးဆောင်ရမယ့် ဘဏ် Charges တွေပေးဆောင်စရာမလိုသလို အလုံးစုံအာမခံလည်း တစ်နှစ် စာရရှိနိုင်မယ့် အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်”ဟု GAC Motor Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

GS5 ကားသစ်ကို ဝယ်ယူမည်ဆိုပါက GAC Showroom များ ဖြစ်သည့် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် အမေရိကန်ဒေါ်လာ ၄၃,၈၈၈ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး ထုတ်လုပ်သူအာမခံ ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ ၁၅ဝ,ဝဝဝ၊ Free Maintenance Service သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ ၆ဝ,ဝဝဝ ရရှိမည်ဖြစ်သည်။
ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here