GAC Group

79

 

Seagull Myint

GAC Group-(Guangzhou Automobile Group Co.,Ltd) သည် တရုတ်နိုင်ငံအခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး တရုတ်နိုင်ငံ Guangdong ပြည်နယ်၊ Guangzhou မြို့တွင် အခြေစိုက် ပါသည်။ GAC သည် Guangzhou Automobile Industry Group ၏ လက်အောက်ခံကုမ္ပဏီဖြစ်၍ လူစီးယာဉ်များကို Trumpchi Brand အမည်အောက်မှရောင်းချပြီး လူစီးကား၊ လုပ်ငန်းသုံးယာဉ်များကို Gonow Brand အမည်အောက်မှ ရောင်းချပါသည်။ ဘတ်စ်ကားများကို GAC Bus Brand အမည်အောက်မှ ရောင်းချကာ SUV Model များကို Changfeng Motor Brand အမည်အောက်မှ ရောင်းချပါသည်။ GAC သည် ၂ဝ၁၂ ခုနှစ်တွင် မော်တော်ယာဉ် အစီးရေ ၇၂၈,ဝဝဝ ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်၏ ဒသမမြောက် မော်တော်ယာဉ်အများဆုံးထုတ်လုပ်သည့် စံချိန်တင် ခဲ့ပါသည်။ GAC သည် တရုတ်နိုင်ငံ၏ ဆဋ္ဌမမြောက်အကြီးဆုံး Passenger ကားထုတ်လုပ်သည့် Brand လည်းဖြစ်ပြီး အထူးအားဖြင့် လူစီးကားများ၊ အကြီးစား ဘတ်စ်ကားများနှင့် Commerical Truck များကို အထူးအလေးပေးထုတ်လုပ်ကာ တရုတ်နိုင်ငံ၏ လုပ်ငန်းသုံးကားများ တင်ပို့ရောင်းချသည့် ထိပ်တန်း ၁ဝ ခုစာရင်းဝင် Brand လည်းဖြစ်ပါသည်။ အလားတူ Honda နှင့် ဖက်စပ်အနေဖြင့် Honda-Branded Auto အနေနှင့် ဂျပန်ကားများကိုလည်း ဖက်စပ်ထုတ်လုပ်ပါသည်။Honda အပြင် Fiat , Isuzu , Mitsubishi , Toyota , Hino စသည်တို့နှင့်လည်း ဖက်စပ်အနေဖြင့် မော်တော်ယာဉ် များ ထုတ်လုပ်ပါသည်။

History(သမိုင်းကြောင်း)
GAC-(Guangz-hou Automobile Group Co.,Ltd) ကို ၁၉၅၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်တွင် Guangzhou Automobile Industry Group ၏ Holding (ရှယ်ယာများကို လက်ခံထိန်းသိမ်းခြင်း) ဖြစ်လာကာ ပူးတွဲ အရင်းအနှီးအပေါ်တွင် တည်ထောင်ထားသည့် ကုမ္ပဏီ(Joint-stock Company) အမျိုးအစားဖြစ်လာပါသည်။ GAC သည် ၂ဝဝ၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ SUV Maker Changfeng Automobile ၏ ရှယ်ယာ ၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် ကျန်ရှိသည့်ရှယ်ယာ အားလုံးကို ဆက်လက်ပိုင်ဆိုင်ခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်တွင် GAC သည် တရုတ်နိုင်ငံ၏ ဆဋမမြောက်အကြီးဆုံး ကားထုတ်လုပ်သူဖြစ်လာပြီး ထိုနှစ်တွင် ကားအစီးရေ ၇၄ဝ,၄ဝဝ အထိ ထုတ်လုပ်ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် ွဗဃ သည် ရှန်ဟိုင်းမြို့ Stock Exchange တွင် စာရင်းဝင်ခဲ့ပါသည်။

လက်အောက်ခံကုမ္ပဏီများနှင့် ဒေသများ
Changfeng Motor(Leopaard)
GAC သည် ၂ဝ၁၁ ခုနှစ်တွင် Changfeng Motor ကို ပိုင်ဆိုင် ခဲ့ပြီး ၂ဝ၁၂ ခုနှစ်၌ Changfeng Motor သည် မော်တော်ကား စီးပွား ရေးနယ်ပယ်သို့ တစ်ဖန် ပြန်လည်ဝင်ရောက်လာခဲ့သည်။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် Hunan Liebao Automobile Co.,Ltd ကို အသစ်ဖွဲ့ စည်းပြီး Anhui Changfeng Yangzi Automobile Manufacturing Co.,Ltd အား ဆက်လက်ဖွဲ့စည်းခဲ့သည်။ ၎င်းတို့မှ နိုင်ငံရပ်ခြားသို့ မော်တော်ယာဉ်များ တင်ပို့ရာတွင် Leopaard Brand ဖြင့် တင်ပို့ခဲ့ပါသည်။

Gonow
Gonow ခေါ် Zhejiang Gonow Auto Co.,Ltd သည် GAC Group ၏ လက်အောက်ခံကုမ္ပဏီဖြစ်ပြီး လုပ်ငန်းသုံးမော်တော်ယာဉ်များ နှင့် SUV များ ထုတ်လုပ်ပါသည်။ ယင်းမှ ထုတ်လုပ်သည့် ကားများကို တရုတ်နိုင်ငံတွင် GAC Gonow Brand ဖြင့် ရောင်းချပါသည်။

Trumpchi
Tumpchi သည် မော်တော်ကား ထုတ်လုပ်သည့် အမှတ်တံဆိပ် (Automotive Marque) ဖြစ်ပြီး GAC Group မှ ပိုင်ဆိုင်ကာ ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် စတင်မိတ်ဆက်ခဲ့ပါသည်။ လက်ရှိ တရုတ်နိုင်ငံ တွင် ရောင်းချလျက်ရှိသည့် Trumpchi မော်တော်ယာဉ်များမှာ အောက်ပါ အတိုင်းဖြစ်သည်။
– Trumpchi GE3EV (တံခါးငါးပေါက်၊ Compact Electric Hatchback)
– Trumpchi GA3/GA3S(တံခါးလေးပေါက်၊Subcompact Sedan)
– Trumpchi GA4 (တံခါးလေးပေါက် ၊ Compact Sedan)
– Trumpchi GA5 (တံခါးလေးပေါက်၊ Compact Sedan)
-Trumpchi GA6 (တံခါးလေးပေါက်၊ အလတ်တန်းအဆင့် Sedan)
-Trumpchi GA8 (တံခါးလေးပေါက်၊ ဇိမ်ခံအဆင့် Sedan)
-Trumpchi GS3 (တံခါးငါးပေါက်၊ Subcompact Crossover)
– Trumpchi GS4 (တံခါးငါးပေါက်၊ Compact Crossover)
-Trumpchi GS5/GS5 Super (တံခါးငါးပေါက်၊ ဃသာစခေအ ဃမသျျသလနမ)
– Trumpchi GS7 (တံခါးငါးပေါက်၊ အလတ်တန်းအဆင့် SUV)
-Trumpchi GS8 (တံခါးငါးပေါက်၊ Full Size SUV)
-Trumpchi GM6 (တံခါးငါးပေါက်၊ Compact MPV)
-Trumpchi GM8 (တံခါးငါးပေါက်၊ MPV)

GAC နှင့် ဖက်စပ်ကုမ္ပဏီများ
GAC Fiat
Fiat နှင့် GAC တို့သည် ၂ဝဝ၉ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် ဖက်စပ် သဘောတူညီခဲ့ပြီး FIAT Automobile Co.,Ltd ကို ၂ဝ၁ဝ ပြည့်နှစ်၊ မတ် ၉ ရက်တွင် ပူးပေါင်းတည်ထောင်ခဲ့သည်။ ယင်းကုမ္ပဏီသည် တရုတ်နိုင်ငံ Changsha Hunan စီရင်စုတွင်တည်ရှိပြီး ၂ဝ၁၂ ခုနှစ်၊ ဇွန် ၂၈ ရက်မှ စတင်ကာ Dodge-Dart-based Fiat Viaggio ကို တပ်ဆင်ထုတ်လုပ် ခဲ့ပါသည်။

GAC Honda
GAC နှင့် Honda တို့ ၅ဝ/၅ဝ အကျိုးတူပူးပေါင်း၍ Guangqi Honda အား ဖွဲ့စည်းပြီး တရုတ် ဈေးကွက်အတွက် Honda-branded မော်တော်ယာဉ် များကို ၁၉၉၉ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ ပါသည်။ ၂ဝ၁၁ ခုနှစ်တွင် ၎င်း၏ ကိုယ်ပိုင် Brand, Everus အား စတင်ရောင်းချခဲ့ပါသည်။

GAC Mitsubishi
GAC နှင့် Mitsubishi တို့ ဖက်စပ်အနေဖြင့် GAC Mitsubishi Motor ကို ၂ဝ၁ဝ ပြည့်နှစ်တွင် MOU ရေးထိုးခဲ့ပြီး ၂ဝ၁၂ ခုနှစ်၊ စက် တင်ဘာလမှစတင်၍ လုပ်ငန်းများ စတင်လည်ပတ်ပါသည်။

GAC Toyota
GAC နှင့် Toyota တို့ ၅ဝ/၅ဝ အကျိုးတူပူးပေါင်း၍ GAC Toyota Motor ကို ၂ဝဝ၄ ခုနှစ်တွင် စတင်တည်ထောင်ကာ တရုတ်နိုင်ငံဈေးကွက် အတွက် Toyota ကားများ ထုတ်လုပ်ပါသည်။ ယင်းကုမ္ပဏီသည် တရုတ်နိုင်ငံ၊ Guangzhou ပြည်နယ်တွင် အခြေစိုက်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် GAC မှ Brandnew ကားအသစ်များကို GAC Motor Myanmar မှတစ်ဆင့် တာဝန်ယူတင်သွင်းရောင်းချလျက်ရှိပြီး Model အမျိုးအစားများအနေဖြင့် GAC GA6 Sedan , GAC GA4 Sedan , GAC GA8 Sedan , GAC GS3 SUV , GAC GS4 SUV , GAC GS5 Super , GAC GS7 SUV , GAC GS8 SUV , GAC GM8 Minivan တို့ ရရှိနိုင်မည်ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here